တရုတ်ဆည်တခု ရေကျသွားချိန် နှစ် ၆၀၀ ရှိ ဗုဒ္ဓဆင်းတုတော် ပြန်ပေါ် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ကျန်းင်းရှီးပြည်နယ်က ဆည်တခု ရေကျသွားချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၆၀၀ က ဗုဒ္ဓဆင်းတုတော်တခုပြန်ပေါ်လာခဲ့ပါတယ်။ ရေအားလျှပ်စစ်စက်ရုံ ရေလွှတ်ပေါက် ပြုပြင်ထိန်းသိမ်းရေးရင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဘုရားဆင်းတုတော် ခေါင်းပေါ်လာတာကို တွေ့ရှိခဲ့ကြတာလို့ ဆင်ဟွာသတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဆင်းတုတော်ရဲ့ လက်ရာကိုကြည့်ရတာ ၁၃၅၆ ခုနှစ်ကနေ ၁၆၄၄ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ မင်မင်းဆက်အတွင်း ထုလုပ်ကိုးကွယ်ခဲ့တာဖြစ်နိုင်တယ်လို့ တရုတ်ပညာရှင်တွေက ပြောဆိုပါတယ်။ ဆင်းတုတော် အနားမှာ ဘုရားကျောင်းတည်ဆောက်ထားရှိခဲ့တဲ့အထောက်အထားတွေလည်း တွေ့ရှိခဲ့ကြပြီး ခေတ်မီနည်းပညာတွေနဲ့ ရေအောက်မှာ စူးစမ်းရှာဖွေမှုတွေ ဆက်လုပ်မယ်လို့လည်း စီစီတီဗွီ ရုပ်သံက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up