လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ဆွေးနွေး
DVB
·
January 19, 2017
လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ဒုတိယရက် ကျင်းပနေတာပါ။
ဇန်နဝါရီလ ၁၈ ရက်နေ့ ဆွးနွေးပွဲ ပထမရက်က ဖတ်ကြားတင်သွင်းခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့်သယံဇာတကဏ္ဍဆိုင်ရာ စာတမ်းတွေကို ဒုတိယနေ့ ဆွေးနွေးပွဲရက်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၅၀၀ ကျော်က ကဏ္ဍခွဲပြီး ပြန်လည်သုံးသပ်ဆွေးနွေးနေတာပါ။
ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၃ ရက်တာကျင်းပမယ့် အခုဆွေးနွေးပွဲကနေ ကရင်တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ အဆိုပါ စာတမ်းတွေကို ဆွေးနွေးအတည်ပြုသွားမှာ ဖြစ်ပါတယ်။