အရှိန်မထိန်းနိုင်သည့်ကုန်တင်ကား တပတ်လည်တိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ကျ (ရုပ်သံ)

တရုတ်နိုင်ငံမှ အဝေးပြေးလမ်းမကြီးတခုပေါ်မှာ ကုန်တင်ကားကြီးတစီးဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ချိန်မှာ ယာဉ်မောင်းဖြစ်သူ အမျိုးသားဟာ ကားပြတင်းမှတဆင့် အောက်ကို ထွက်ကျသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အခုလအစောပိုင်းက တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ခရိုင်၊ ချိုရှန်မြို့မှာ ဖြစ်ခဲ့တာလို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ယာဉ်မောင်းဖြစ်သူ အမျိုးသားဟာ ကားဘရိတ်ကိုနင်းပြီး ယာဉ်ကို ရပ်တန့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ကားဟာ အရှိန်နဲ့ လမ်းမပေါ်မှာ တပတ်လည်သွားခဲ့တာကို တွေ့ရပါတယ်။ တောင်ဆင်းလမ်းအတိုင်း အဝေးပြေးလမ်းမပေါ်မှာ မိုးရွာထားတာမို့ ခုလိုဖြစ်ခဲ့ရတာဖြစ်ပြီး ယာဉ်မောင်းဟာ ထိုင်ခုံခါးပတ်ကိုလည်း ပတ်မထားခဲ့တဲ့အတွက် ခုလိုထွက်ကျခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ပြုတ်ကျခဲ့တဲ့အရှိန်ကြောင့် ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်မှာ ကျိုးကြေထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up