Home
မြန်မာသတင်း
ဟီလာရီကလင်တန် တိုင်း​ရင်း​သား​ခေါင်း​ဆောင်များ​နှင့်​တွေ့​ဆုံ
ပီတာအောင်
·
December 2, 2011
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန် ဒီက​နေ့​ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​နှစ်​နေရာခွဲပြီး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။ မနက်ပိုင်း​မှာ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီအဖွဲ့​ဝင် တိုင်း​ရင်း​သား​ပါတီတချို့​က ​ခေါင်း​ဆောင်​တွေဟာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်​တွေနဲ့​အတူ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​နေအိမ်မှာ ​တွေ့​ဆုံခဲ့​တာပါ။ ဆွေး​နွေး​ပွဲမှာ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေဖြစ်တဲ့​ ဇိုမီး​အမျိုး​သား​ ကွန်ဂယက်က ပူကျင့်​ရှင်း​ထန်၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ်က စိုင်း​စော​အောင်၊​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​က နိုင်​ငွေသိမ်း​ နဲ့​ ရခိုင် ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဦး​အေး​သာ​အောင်တို့​ ပါဝင်ပါတယ်။ တွေ့​ဆုံပွဲမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ပြန်လွှတ်​ပေး​ရေး​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ ​ရေး​ကို အ​ရေး​တကြီး​ လိုအပ်​နေတဲ့​လို့​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေက ဟီလာရီကလင်တန်ကို ​ပြောကြား​ခဲ့​တယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။ “လွတ်လပ်​ရေး​နဲ့​အတူဖြစ်လာတဲ့​ ဒီပြည်တွင်း​စစ်ဟာ ဘယ်​တော့​မှ ရပ်စဲသွား​တယ်ဆိုတာ မရှိဘဲနဲ့​ ခဏတဖြုတ်​လျှော့​ကျသွား​တယ် ပြင်း​ထန်လာတယ် ဒီလိုပဲရှိတယ်။ ဒီဟာ​တွေကို ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေက အမြန်ဆုံး​ ရပ်စဲချင်တဲ့​ သ​ဘောရှိတယ်။ ရပ်စဲတဲ့​နေရာမှာ​တော့​ အခုလို အပစ်ခတ်ရပ်စဲရုံနဲ့​ အခြား​သော အခွင့်​အ​ရေး​တွေ ​ပေး​ပြီး​တော့​ ​ဆောင်ရွက်ရုံနဲ့​တော့​ မပြီး​ဘူး​။ တကယ့်​ တိုင်း​ရင်း​သား​များ​ လိုလား​တဲ့​ နိုင်ငံ​ရေး​အရ ​ဖြေရှင်း​ဖို့​၊​ နိုင်ငံ​ရေး​အရ ညှိနှိုင်း​ပြီး​တော့​ အ​ပေး​အယူလုပ်ဖို့​ လိုတာကို အ​မေရိကန် အစိုး​ရအ​နေနဲ့​ သ​ဘော​ပေါက်ဖို့​ ​ပြောပြ နိုင်တယ်၊​ တင်ပြနိုင်တယ်။ ဒါဟာ ကျ​နော်တို့​အတွက် ​ကောင်း​တယ်လို့​ မြင်ပါတယ်။” အလား​တူ ဟီလာရီကလင်တန်ဟာ ရန်ကုန်မြို့​ ကမ္ဘာ​အေး​ဘုရား​လမ်း​က ဗိသာနိုး​ ပြခန်း​မှာလည်း​ ရခိုင်တိုင်း​ရင်း​ သား​များ​တိုး​တက်​ရေး​ပါတီ၊​ မွန်​ဒေသ လုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီ၊​ ချင်း​တိုး​တက်​ရေး​ပါတီ၊​ ကရင်ပြည်သူ့​ပါတီ၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီ စတဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေက ကိုယ်စား​ လှယ်​တွေနဲ့​သီး​ခြား​ ​တွေ့​ဆုံခဲ့​ပါတယ်။ တွေ့​ဆုံပွဲမှာပါဝင်တဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​ဦး​လှ​စောက ​ဆွေး​နွေး​ပွဲနဲ့​ပတ်သက်ပြီး​ ခုလို ရှင်း​ပြပါတယ်။ “သီး​ခြား​ ကျ​နော်တို့​ တိုင်း​ရင်း​သား​အင်အား​စု​တွေကို ​ခေါ်ပြီး​တွေ့​တာပါ။ အဲဒီ​တော့​ တိုင်း​ရင်း​သား​အင်အား​စု​တွေဆိုတာကို နိုင်ငံ​ရေး​အင်အား​စု​တွေလည်း​ပါတယ်။ နိုင်ငံ​ရေး​ပါတီ​တွေလည်း​ပါတယ်။ အကုန်လုံး​တိုင်း​ရင်း​သား​တွေပါပဲ ​တွေ့​ပါတယ်။ အဓိကတင်ပြတဲ့​ အ​ကြောင်း​အရာက​တော့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ငြိမ်း​ချမ်း​မှု မရှိတာ၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ကိစ္စ၊​ ပြည်တွင်း​စစ်ကိစ္စ​တွေကို ကျ​နော်တို့​က အကျယ်တဝင့်​ကို ​တော်​တော်များ​များ​ ကျယ်ကျယ်ပြန့်​ပြန့်​ကို ​ဆွေး​နွေး​ကြပါတယ်။” တခြား​ တိုင်း​ရင်း​သား​ပါတီ​တွေက လက်ရှိအစိုး​ရက ​ဆောင်ရွက်​နေတဲ့​ အ​ပြောင်း​အလဲ​တွေဟာ ​ကျေနပ်စရာ မရှိ​သေး​တဲ့​အ​ကြောင်း​ ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ​တွေ ဖြစ်ပွား​နေဆဲဖြစ်ပြီး​ ဒီစစ်ပွဲ​တွေရဲ့​ အကျိုး​ဆက်အဖြစ် လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို တိုင်း​ရင်း​သား​တွေ ခံစား​နေရတဲ့​အ​ကြောင်း​တွေ တင်ပြခဲ့​တယ်လို့​သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024