Live
Home
မြန်မာသတင်း
မိုးကောင်းမြို့တွင် မီးလောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး
DVB
·
January 18, 2017
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ  ဒီနေ့ မနက် ၉ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပါတယ်။ မိုးကောင်းမြို့ အရှေ့ရပ်ကွက် အမှတ် (၁၆၀) ရှိ ဒေါ်သီတာရဲ့ သွပ်မိုးထရံကာပျဉ်ခင်း နေအိမ်အပေါ်ထပ်က လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ စတင်ကူးစက် လောင်ကျွမ်းတာလို့ မိုးကောင်းမြို့ မြို့မရဲစခန်းက ပြောပါတယ်။ မိုးကောင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး မီးသတ်မော်တော်ယာဉ် ငါးစီး၊ ရေသယ်ယာဉ်လေးစီး၊ ရေဂါလန် ၁၀၀၀၀ လောက်အသုံးပြုပြီး ဝိုင်းဝန်းငြှိမ်းသတ်တဲ့အတွက် မနက် ၁၀ နာရီခွဲမှာ လုံးဝမီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်တဲ့အတွက် ဒေါ်သီတာရဲ့နေအိမ်အပြင် နေအိမ်ချင်းကပ်နေထိုင်တဲ့ ဦးမောင်ကိုရဲ့  သွပ်မိုးထရံကာပျဉ်ခင်းခြေတံရှည်နေအိမ်၊ ဒေါ်တင်ကြည်ရဲ့ သွပ်မိုးထရံကာပျဉ်ခင်းခြေတံရှည်နေအိမ် နဲ့ ဒေါ်လှကြည်ရဲ့  သွပ်မိုးထရံကာပျဉ်ခင်းခြေတံရှည်နေအိမ်တွေကိုပါ ကူးစက်လောင်ကျွမ်း ဆုံးရှုံးခဲ့ တာပါ။ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်သီတာကို မိုးကောင်းမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားပြီး အမှုစစ်အရာရှိအဖြစ် ရဲအုပ်လွင်စိုးက တာဝန်ယူစစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ထက်သူအောင်ထက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024