ဗန်းမောက် ရဲတပ်သား ၂ ဦး၏ ပျောက်ဆုံးသေနတ်များ ပြန်လည်ရရှိ
DVB
·
January 18, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ နယ် မံစီကြီး နယ်မြေရဲစခန်းက ရဲတပ်သား နှစ်ဦး ဇန်နဝါရီလ ၁၅ ရက်နေ့ ညက အကျဉ်းသားတွေသွားပို့ပြီး အပြန်မှာ ဆိုင်ကယ်မောင်းစဉ် ပြုတ်ကျနေခဲ့တဲ့ သေနတ် ၂ လက်ကို ဇန်နဝါရီ ၁၇ ရက်နေ့ ည ၇ နာရီခွဲ အချိန်လောက်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကသာခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
လမ်းခင်းကျောက်ကား မောင်းနှင်သူ မောင်ဖြိုးဝေမြင့်နဲ့ ယာဉ်နောက်လိုက် မောင်ဖြိုးထက်အောင် ဥယျာဉ်ကုန်းရပ် ထီးချိုင့်မြို့နယ် နေသူတို့ ၂ ဦးက တွေ့ရှိခဲ့တာပါ။
အင်းတော်မြို့နယ် မော်တိတ်ကျေးရွာကို ကျောက်ခွဲသားများပို့ပြီး ကျောာက်ခွဲစက်ရှိရာ ဗန်းမောက် အင်းတော်နယ်စပ်ကိုပြန်လာစဉ် အင်းတော်မြို့နယ် ရွာသာယာကျေးရွာကြား တုံစီတံတားအနီး သောင်ကြီးကျေးရွာသွား လမ်းထိပ် ကသာ-ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ် ၃၁/၆ မိုင်မှာ တွေ့ရှိခဲ့တာ လို့ဆိုပါတယ်။
အဆိုပါသေနတ် ၂ လက် ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ကသာခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်ဝင်းက နန့်ဆင် ကျွန်းတော ကျေးရွာမှာ ဟောပြောပွဲလုပ်ရာမှ သေနတ်ကောက်ရထားသူတို့ရဲ့ အစ်ကိုတော်စပ်သူက လာရောက်ဆက်သွယ် အသိပေးခဲ့ပြီး ပျောက်ဆုံးသေနတ် ၂ လက်အား ဖြိုးဝေမြင့်နဲ့ ဖြိုးထက်အောင်တို့ ၂ ဦးက ရဲတပ်ဖွဲ့ကို အပ်နှံပေးခဲ့တာပါ။
သတင်း - သီဟဆွေ (ကသာ)