စစ်တွေ သင်္ချိုင်းအနီး ဧရာမစပါးကြီးမြွေတကောင် ဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
January 18, 2017
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေသင်္ချိုင်းအနီး သရက်တောကျောင်းနားမှာ စပါးကြီးမြွေကြီးတကောင်ကို လူတဦးက ဖမ်းမိခဲ့ပါတယ်။
ဇန်ဇနဝါရီ၁၇ရက်နေ့ ညနေပိုင်းမှာ အဲဒီသရက်တောကျောင်းနားမှာ ခွေနေတာကို တွေ့လို့ လူတဦးကနေ ဖမ်းဆီးယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြွေကို ဖမ်းဆီးယူဆောင်တဲ့သူကတော့ စစ်တွေမီးသတ်ခွဆုံနားက လူတွေကို ပြသပြီးနောက် သက်ဆိုင်ရာတွေဆီကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-သိန်းရွှေမိုး