နိုင်ငံတော် ထောက်ပံ့ငွေကို အလွဲသုံးစားလုပ်သဖြင့် ဒေသခံများကဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြီးခဲ့တဲ့ ဧပြီလအတွင်း သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီးခဲ့လို့ နိုင်ငံတော်မှ နစ်နာကြေးထောက်ပံ့ငွေတွေကို တောင်သူတွေကို အသိမပေးဘဲ မြို့နယ်ထွေအုပ်မှ ၂၀ ရာခိုင်နှုန်း ဖြတ်တောက်လို့ ဒေသခံတွေက မကျေမနပ်ဖြစ်ပြီး မြို့ထဲလှည့်လည် ဆန္ဒပြနေကြတာပါ။ ဆန္ဒပြရာမှာ ခင်သာ၊ အုတ်ရှင်းကြီး၊ နေရာခင်း၊ လိန်လှ၊ ကျွန်းတော၊ ကိုင်းရွာ၊ ဘောင်းကျ၊ အုတ်သျှစ်ကြီး စတဲ့ ကျေးရွာအုပ်စု ၈ အုပ်စု၊ ရွာပေါင်းက ၂၀ ခန့်က တောင်သူ ၁၀၀ ခန့်ပါဝင်ပြီး အကျင့်ပျက် ခြစားမှုနှင့် အဂတိလိုက်စားမှု ပပျောက်ရေး၊ ပြည်သူ့အကျိုးပြု ဝန်ထမ်းကောင်းများ ပေါ်ပေါက်ရေး၊ ပြည်သူ့အသံ လွှတ်တော်အသံ အမှန်တကယ်ပေါ်ပေါက်ရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ တောင်သူတွေက အမှန်တကယ် ပျက်စီးဆုံးရှုံးတဲ့စာရင်းကို သက်ဆိုင်ရာကို တင်ပြခဲ့ပေမယ့် ထောက်ပံ့ကြေးပေးရာမှာ ချန်လှပ်ထားခြင်း၊ လုံးဝစိုက်ပျိုးခြင်းမရှိတဲ့ တောင်သူတွေကို ပေးအပ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။ အောင်ကိုလတ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up