အာရှကော်စမိုပိုလစ်တန်ဆုရှင် သမ္မတဟောင်း ဦးသိန်းစိန်ကို လေဆိပ်၌ကြိုဆို (ဓာတ်ပုံ)
DVB
·
January 18, 2017
အာဆီယံနှင့် အာရှရေးရာစီးပွားရေးသုတေသအဖွဲ့(ERIA)ကပေးအပ်တဲ့ အာရှကော်စမိုပိုလစ်တန်ဆု ကို ဂျပန်နိုင်ငံမှာသွားရောက်လက်ခံယူပြီး ပြန်လည်ရောက်ရှိလာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို မနေ့ညနေက ရန်ကုန်လေဆိပ်မှာ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေက ကြိုဆိုနှုတ်ဆက်နေစဉ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ ထူးချွန်စွာဦးဆောင်နိုင်ခဲ့တဲ့အတွက် ဆုပေးတာဖြစ်ပြီး ဆုပေးအပ်ချီးမြှင့်ခံပွဲကို ဇန်န၀ါရီ ၁၅ ရက်က ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။