Home
မြန်မာသတင်း
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ကျူးလွန် တရားခံများ များပြားလာ
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 17, 2017
၂၀၁၅ ခုနှစ် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အမှုပေါင်း ၆၄၁၄ မှု ရှိခဲ့ပြီး အဲဒီအမှုများကို စုစုပေါင်း တရားခံ ၉၁၈၈ ဦး ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ မူးယစ်ဆေးဝါး အမှုပေါင်း ၈၈၀၀ မှု ဖမ်းဆီးရရှိခဲ့ပြီး တရားခံ ၁၃၅၉၁ ဦး ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ နှစ်စဉ် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများမှာ လူသိများပြီး သုံးစွဲမှုမြင့်မားတဲ့ ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရရှိမှု များလာတာကို တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဘိန်းဖမ်းဆီးရရှိမှု ၃၈၈ မှု (အလေးချိန် ၈၈၈ ဒသမ ၈၄၄ ကီလို)၊ ဘိန်းဖြူမှု ၂၅၀၂ မှု (အလေးချိန် ၁၈၆ ဒသမ ၀၄၁၁ ကီလို)နဲ့ စိတ်ကြွရူးသွပ်ဆေးပြားမှု ၂၈၁၅ မှု (ဆေးပြား ၄၉၉၅၀၉၁၂ ပြား) ဖမ်းဆီးမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ ဘိန်း ဖမ်းဆီးရရှိမှု ၃၅၈ မှု (အလေးချိန် ၉၄၅ ဒသမ ၇၀၉၆ ကီလို)၊ ဘိန်းဖြူ မှု ၂၈၈၈ မှု (အလေးချိန် ၇၆၉ ဒသမ ၂၅၈၉ ကီလို)နှင့် စိတ်ကြွရူးသွပ်ဆေးပြားမှု ၄၇၂၂ မှု (ဆေးပြား ၉၈၃၅၃၄၆၂ ဒသမ ၅ ပြား) ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးအမှုများမှာ ပါဝင်တဲ့ ဆေးခြောက်ဖမ်ဆီးရရှိမှုကလည်း များပြားလာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အမှု ၂၁၅ မှု (အလေးချိန် ၈၇ ဒသမ ၇၀၅၆ ကီလို)၊ ၂၀၁၆ ခုနှစ်မှာ ၂၄၅ မှု (အလေးချိန် ၁၈၈ ဒသမ ၇၈၀၅ ကီလို) ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မော်ဖင်းထိုးဆေး ဖမ်းဆီးရရှိမှုမှာလည်း ၂၀၁၅ ခုနှစ်မှာ ၁ မှု (၆ ပုလင်း)သာ ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၆ ခုနှစ် မှာကတော့ ၄ မှု (၁၇၁ ပုလင်း) အထိ ဖမ်းဆီးရမိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024