အိတ်ခ်ျအိုင်ဗွီပိုး လိုက်လံဖြန့်ဝေနေသည့် ၀ရမ်းပြေးနိုင်ငံခြားသားတဦးကို ထိုင်းရဲရှာဖွေနေ

ထိုင်းနိုင်ငံတွင်း အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အိတ်ခ်ျအိုင်ဗွီပိုးတွေ လိုက်လံဖြန့်ဝေနေ တယ်ဆိုတဲ့ နိုင်ငံခြားသား ၀ရမ်းပြေးတဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ချင်းမိုင်န ယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ချက်သမ္မတနိုင်ငံသား အသက် ၅၂ နှစ်ရွယ်ရှိ ဘိုင်ဖာ ဇဒဲန်းညက် PFEIFER ZDENED ဆိုသူဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကလေးသူငယ်ပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ချက်တရားရုံးရဲ့ ပြစ်ဒဏ်ပေးခြင်းခံခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေလို့ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသူတဦး ဖြစ်တယ်လို့ ချင်းမိုင်ခရိုင် အမှတ် ၅ ရဲဌာနချုပ် ဒုရဲမှူးကြီး ဖုန်းဆ်ဒေချ ဖုန်းမိကျစ်က ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဘိုင်ဇာဟာ ၀ရမ်းပြေးတဦးဖြစ်တဲ့အပြင် သူနဲ့ စပ်ယှက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အိတ်ခ်ျဗွီပိုး တွေ လိုက်လံဖြန့်ဝေပေးနေတယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့က ပြောလာတဲ့အတွက် သူ့ကို ချက်ချင်းရှာဖွေဖမ်းဆီးဖို့ တနိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့တွေကို အကြောင်းကြားထားသလို အထူးသဖြင့် ဒီရာသီမှာ နိုင်ငံခြားသားတွေ အလာများတဲ့ ချင်းမိုင်ခရိုင် နဲ့တကွ ထိုင်းနိုင်ငံမြောက်ပိုင်း ၈ ခရိုင်မှာ ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ ဒုရဲမှူးကြီးက ဆက်ပြောပါတယ်။ ခရီးသွားဧည့်သည်မှတ်တမ်းတွေအရ ဘိုင်ဇာဟာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ၀င်ရောက်လာပြီး ဖူးကစ်ခရိုင်သို့လည်း သွားရောက်ခဲ့ကာ ဒီနောက်ပိုင်း နိုင်ငံကနေထွက်ခွာသွားတဲ့ မှတ်တမ်းမရှိသေးတာကြောင့် ထိုင်းနိုင်ငံထဲမှာဘဲ ပုန်းအောင်းနေတယ်လို့ ယူဆရပြီး နိုင်ငံခြားသားနဲ့ ပတ်သက်နေရသူတွေ၊ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ အထူးသတိထားဖို့၊ တရားခံပြေးကို တွေ့ရင်လည်း ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ဒုရဲမှူးကြီးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up