ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ယာဉ်ထိန်းရဲအင်အားတိုး
ပိုင်စိုး
·
January 17, 2017
ရန်ကုန်မှာ လတ်တလောဖြစ်နေတဲ့ ယာဉ်ကြောကျပ်တည်းတာကို ဖြေရှင်းဖို့ ယာဉ်ထိန်းရဲတွေ အင်အားတိုးနေတယ်လို့လည်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဲမှူး မျိုးအောင်မြင့်က လက်ရှိမှာ သင်တန်းလာတက်နေတဲ့ ယာဉ်ထိန်း အင်အား ၅၀ ကိုလည်း ဆူးလေဝန်းကျင်မှာ တာဝန်ချပြီး လမ်းကြောင်းရှင်းတာ၊ လမ်းညွှန်ကူညီတာ တွေ လုပ်ပေးနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးတော့ နေပြည်တော်က ယာဉ်ထိန်းတွေကို ခေါ်ထားသလို ပြည်နယ်တချို့က ယာဉ်ထိန်းတွေကို လည်း ခေါ်ယူထားတယ်လို့လည်း ပြောပါတယ်။