တူရကီနိုက်ကလပ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် သေနတ်သမားကို ဖမ်းဆီးသည့်ရုပ်သံ ထုတ်လွှင့်

နှစ်သစ်ကူးနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ နိုက်ကလပ်တခုမှာ လူ ၃၉ ဦးကို သတ်ဖြတ်ခဲ့သူ သေနတ်သမား အပါအဝင် လူ ၅ ဦးကို တူရကီရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ အဓိကတရားခံအဖြစ် သံသယရှိသူ သေနတ်သမားကို ဖမ်းဆီးတဲ့ ဗွီဒီယိုမှတ်တမ်းခွေကို တူရကီသတင်းဌာန ဒီအိတ်ခ်ျကေက ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဘူမူဟာမက်ဟိုရာစနီလို့ အမည်ပေးထားတဲ့ သေနတ်သမားဟာ ၄ နှစ်အရွယ် သားငယ်နဲ့အတူ အစ္စတန်ဘူလ်မြို့ နေအိမ်တခုမှာ ပုန်းအောင်နေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ အခြား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သူဟာ မူလက ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်ပြီး လက်ရှိ တူရကီမှာ နေထိုင်သူဖြစ်ပါတယ်။ သေနတ်သမား ဟိုရာစနီဟာ ဇန်န၀ါရီ ၁ ရက်နေ့က အစ္စတန်ဘူလ်မြို့ရှိ ရိုင်းနား နိုက်ကလပ်ကို ရောက်ရှိလာပြီး မြင်မြင်သမျှကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် လူ ၃၉ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရရှိခဲ့ကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up