ချီလီတွင် တောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်စဉ် မီးသတ်ဝန်ထမ်း ၃ ဦး သေဆုံး

ချီလီနိုင်ငံ မောက်လယ်ဒေသအလယ်ပိုင်း တောင်တန်းတွေပေါ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့က တောမီးလောင်ကျွမ်းမှုကြောင့် မီးသတ်ဝန်ထမ်း ၃ ဦး သေဆုံးခဲ့ပါတယ်။ တောမီးလောင်မှုကို ငြှိမ်းသတ်နေစဉ် လေတိုက်ရာလမ်းကြောင်းဟာ မမျှော်လင့်ဘဲ ရုတ်တရက် အရှိန်အဟုန်နဲ့ ပြောင်းလဲခဲ့တာကြောင့် ဝန်ထမ်း ၃ ဦး သေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတဦးကတော့ “မီးသတ်သမားတွေက ဒီတောင်ရဲ့အနေအထားကို မကျွမ်းကျင်ရှာဘူး။ တောင်က ပတ်လည်ခွေနေပြီး  အလယ်ချိုင့်ဝှမ်းမှာ မီးလောင်လွယ်တဲ့ ခြုံပုတ်တွေ အရမ်းထူပါတယ်။ သူတို့က အဲဒီနေရာကို ရောက်သွားပြီး ရုတ်တရက် မီးတွေဝိုင်းလာတဲ့အခါ ထွက်ပေါက်ရှာမတွေ့တော့ဘူး” လို့ ပြောပြသွားပါတယ်။ ဒေသဆိုင်ရာ အမှုစွဲုရှေ့နေကတော့ မီးသတ်သမားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့အတွက် မီးသတ်ဌာန တာဝန်ရှိသူကို ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။ ချီလီသမ္မတကတော့ “မီးသတ်သမား ၃ ဦးဟာ သူတို့ရဲ့တာဝန်ကို ထမ်းဖို့အတွက် တမိနစ်လေးတောင် ဆိုင်းငံ့မနေခဲ့ပါဘူး။ ကျမတို့ ဝမ်းနည်းပေမယ့် လူနေထူထပ်တဲ့နေရာဆီ တောမီးတွေ ရောက်မလာအောင် တားဆီးခဲ့တဲ့ သူတို့ရဲ့ စွမ်းဆောင်ချက်ကို ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောကြားသွားပါတယ်။ မြို့တော် ဆန်တီယားဂိုးကနေ ၁၈၆ မိုင်အကွာရှိ ဗီချူကွမ်ဒေသမှာ ၁၂၄ ဧကခန့် တောမီးလောင်ကျွမ်းခဲ့တာကြောင့် လူနေထူထပ်ရာဒေသဆီ ကူးစက်မလာအောင် မီးသတ်ဌာနက ကြိုးစားငြှိမ်းသတ်ခဲ့တာဖြစ်ကြောင်း ဒီကနေ့ ချီလီကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up