Home
မြန်မာသတင်း
မြို့လည်ကောင်မှ ဓာတ်​ဆီဆိုင်​ဖယ်​ရှား​ပေးရန်  ဥသျှစ်​ပင်​မြို့ခံများ ဆန္ဒပြ
မင်းညို
·
January 16, 2017
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့လည်ကောင်မှာ ဖွင့်လှစ်ဖို့ရှိနေတဲ့  ဓာတ်ဆီဆိုင်ကို ဖယ်ရှားပေးဖို့အတွက် ဒေသခံလူထုတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဥသျှစ်ပင်၊မြို့၊ ရတနာပုံရပ်ကွက်ထဲမှာယခင် အစိုးရလက်ထက်က ခွင့်ပြုမိန့် ရထားတဲ့ ဘရဏီ လောင်စာဆီ အရောင်းဆိုင်ကို မကြာမီ ဖွင့်လှစ်ဖို့ရှိနေတာကြောင့်  ဒေသခံ ၇၀ လောက်က  ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြတာပါ။ ပန်းတောင်းမြို့နယ်ထဲမှာ တရားဝင်ခွင့်ပြုထားတဲ့ လောင်စာဆီဆိုင် ၁၀ ဆိုင်ရှိပြီး၊ တဆိုင်ပဲ ဥသျှစ်ပင်မြို့လည်ကောင်မှာ ရှိနေတာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း  ဒေသခံလူ ၅၂ ယောက် လက်မှတ်ထိုးပြီး နိုင်ငံတော်အဆင့်ထိ  တိုင်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကတော့ ပဲခူးတိုင်း၊ သစ်တောသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး လာရောက် စစ်ဆေးခဲပေမယ့် ဆက်လက်ဖွင့်ဖို့ လုပ်ကိုင်နေတာကြောင့်  အခုလို ဆန္ဒပြတောင်းဆိုကြတာပါ။ အဲဒီဆန္ဒပြပွဲကို ဥသျှစ်ပင်မြို့ အထွက်တံတားကနေ မြို့ထဲ ပန်းတောင်း၊ တောင်ဂုတ်လမ်းတလျှောက်၊ ရခိုင်ပြည်နယ်ဘက်အထွက် လမ်းဆုံအထိ ၃ မိုင်ခန့် ပိုစတာဗွီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024