တေးသံရှင် ကိုမွန်းအောင်၏ လွမ်းရတဲ့ညတွေလွန်ပါစေ ဂီတဖျော်ဖြေပွဲ မန္တလေးတွင် ပြုလုပ်
DVB
·
January 16, 2017
တေးသံရှင် ကိုမွန်းအောင်ရဲ့ လွမ်းရတဲ့ညတွေလွန်ပါစေ ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၅ ရက် ညက မန္တလေးမြို့ ကန်တော်ကြီး Green မှာ ပြုလုပ်သွားပါတယ်။
ကိုမွန်းအောင်နဲ့အတူ ကိုနေဝင်း၊ ကိုရဲလွင်တို့ သီဆိုဖျော်ဖြေပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ လာရောက်အားပေးသွားပါတယ်။
ဒီပွဲမှာ ရှမ်းပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၂၀၀ ကို မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - အောင်အောင်