Home
မြန်မာသတင်း
တရားမ၀င်သစ် သွားရောက်ဖမ်းဆီးသည့် သစ်တောဝန်ထမ်များ၏ ဆိုင်ကယ် ၃ စီး မီးရှို့ဖျက်ဆီးခံရ
DVB
·
January 15, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ကန်ပေါက်တောကျေးရွာ အရှေ့ဘက် ဘူးတောင်ကြိုးဝိုင်း တောစပ်မှာ တရားမဝင်ကျွန်းခွဲသားတွေ သွားရောက်ဖမ်းဆီးစဉ် သစ်တောဝန်ထမ်းတွေစီးလာတဲ့ ဆိုင်ကယ် ၃ စီး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကောလင်းမြို့နယ်သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က ကောလင်းမြို့နယ် သစ်တောဦးစီးဌာနက ၀န်ထမ်း ၅ ဦး၊ သစ်တောရဲတပ်ဖွဲ့က ၂ ဦး နဲ့ ကျေးရွာတာဝန်ရှိသူတွေ အရှေ့ဘက်ဘူးတောင်းကြိုးဝိုင်း တောစပ်မှာ ဆိုင်ကယ်တွေထားပြီး တရားမဝင်သစ်ရှာဖွေဖမ်းဆီးစဉ် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ တာဝန်ရှိသူတွေဟာ ကျောက်တန်းဘိနယ်၊ ကန်ပေါက်တောကျေးရွာ ငှက်ပျောတောချောင်းဘေး ယာတဲမှာ တရားမဝင်ကျွန်းခွဲသား ၂၄ ချောင်း၊ ပျဉ်းကတိုးခွဲသား ၃၇ ချောင်း၊ ယမနေခွဲသား ၃၂ ချောင်းကို ဖမ်းဆီးရမိခဲ့ပြီး ညနေ ၄ နာရီခွဲအချိန် ပြန်အလာ တောစပ်မှာထားရှိခဲ့တဲ့ KENBO အမျိုးအစား ဆိုင်ကယ် ၂ စီးနဲ့ YINXIANG အမျိုးအစား ၁ စီးတို့ မီးရှို့ဖျက်ဆီးခံထားရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောလင်းမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦချစ်လှိုင်က ပြစ်မှုကျူးလွန်သူတွေကို အရေးယူဆောင်ရွက်သွားနိုင်ရေး ကောလင်းမြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ ဆိုပါတယ်။ ကိုကိုလင်း (အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024