ဘရာဇီးလ်ထောင်တွင်း အကျဉ်းသားအချင်းချင်း သတ်ဖြတ်မှုကြောင့် ၁၀ ဦးကျော် သေဆုံး

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက နာတလ် Natal မြို့ အကျဉ်းထောင်ကြီးမှာ ဇန်န၀ါရီ ၁၄ ရက်နေ့က ရာဇ၀တ်ဂိုဏ်းဝင်အကျဉ်းသားတွေ အပြန်အလှန် လက်စားချေသတ်ဖြတ်မှုတွေ ထပ်ဖြစ်ခဲ့ပြီး အကျဉ်းသား ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအကျဉ်းထောင်ဟာ နာတလ်မြို့မှာ အကြီးဆုံးထောင်တခုဖြစ်ပြီး ထောင်တခုလုံးကိုလည်း ရာဇ၀တ်ဂိုဏ်းသားတွေက သိမ်းပိုက်လိုက်တယ်လို့ ဆိုပါတယ်။ ရီရို ဂရန်းဒေ တူနောချေ (Rio Grande Do Norte) ပြည်နယ်အတွင်း တခြားထောင်တွေမှာလည်း ဇန်န၀ါရီ ၁၃ ရက်နေ့ အခုလို ပြိုင်ဖက်ဂိုဏ်းဝင်တွေ သတ်ဖြတ်ခဲ့ကြပြီး အကျဉ်းသား ၃၀ ကျော် သေဆုံးခဲ့ပါသေးတယ်။ အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ထောင်တွင်းသတ်ဖြတ်မှုတွေဟာ အခုလထဲမှာတင် တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ အခုလဆန်းပိုင်းကလည်း မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အမားဇိုနာစ်း Amazonas ပြည်နယ်နဲ့ ဟိုးရိုင်မာ Roraima ပြည်နယ်တွေမှာ ထောင်တွင်းသတ်ဖြတ်မှုတွေဖြစ်ခဲ့ပြီး အကျဉ်းသား ၁ ရာလောက် သေဆုံးခဲ့ကြပြီးဖြစ်ပါတယ်။ အခု ဇန်န၀ါရီ ၁၄ ရက် နေ့လယ်က ဖြစ်ခဲ့တဲ့ နာတလ်မြို့အကျဉ်းထောင်တွင်း သတ်ဖြတ်မှုဟာလည်းပဲ ဘရာဇီးနိုင်ငံရဲ့ အင်အားအကြီးဆုံး ရာဇ၀တ်ဂိုဏ်းဝင် အကျဉ်းသားတွေက ပြိုင်ဖက်ဂိုဏ်းဝင်တွေကို သတ်ဖြတ်တာဖြစ်ပြီး အများအပြားဟာ ခေါင်းဖြတ်သတ်ဖြတ်ခံကြရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up