အဘူဆာယက်ဖ်အဖွဲ့က ဖိလစ်ပိုင်နှင့်ကိုရီးယား ဓားစာခံနှစ်ဦး ပြန်လွှတ်

Captain Chul Hong Park (L), a South Korean national, and 2nd officer Filipino Glenn Alindajao (2 L), two hostages released in Jolo Sulu, arrive in Davao City with Philippine Peace Adviser Secretary Jesus Dureza (2nd R)on Jan 14, 2017. A South Korean captain and a Filipino crewman abducted by suspected Islamist militants in the southern Philippines three months ago were released, the presidential peace adviser said. / AFP PHOTO / MANMAN DEJETO
ဖိလစ်ပိုင်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ အဘူ ဆာယက်ဖ် သူပုန်တွေဟာ ၃ လကျော်ဖမ်းဆီးထားတဲ့ ဖိလစ်ပိုင်နဲ့ ကိုရီးယားနိုင်ငံသား ဓားစာခံနှစ်ဦးကို ဇန်န၀ါရီ ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ အဘူ-ဆာယက်-အဖွဲ့ဟာ အီရတ်မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ မဟာမိတ်အဖွဲ့လည်းဖြစ်ပါတယ်။ ပြန်လွတ်လာသူနှစ်ဦးကတော့ တောင်ကိုးရီယားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ DongBang Giant-2 ကုန်သင်္ဘောက သင်္ဘောသားတွေဖြစ်တဲ့ ပတ် ချူးလ်ဟောင်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ဂလင်း အာလင်ဒါဂျောက်တို့ ဖြစ်ပါတယ်။ အဲ့ဒီကုန်သင်္ဘောဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တောင်ကိုရီးယားကနေ သြစတြေးလျနိုင်ငံကို ခုတ်မောင်းနေစဉ် အဘူဆာယက်ဖ်သူပုန် ၁၀ ဦး သင်္ဘောပေါ် ရုတ်တရက်ရောက်လာပြီး သူတို့ နှစ်ဦးကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ အခု ၃ လကျော်အကြာမှာ ဖိလစ်ပိုင်တောင်ပိုင်းရှိ ဆူလူကျွန်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုလို ပြန်လွှတ်ပေးဖို့အတွက် သူပုန်အဖွဲ့ဝင်တစ်ချို့က ကူညီညှိနှိုင်းပေးခဲ့ပြီး အခုအခါ သူတို့နှစ်ဦးကို ကျွန်းအုပ်ချုပ်ရေးမှူးနေအိမ်ထံ ခေါ်ယူသွားပြီလို့ ဖိလစ်ပိုင်စစ်တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် အဘူဆာယက်သူပုန်တွေရဲ့လက်ထဲမှာ နယ်သာလန်၊ ဂျပန်၊ ဂျာမနီ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံက ဓားစာခံတွေ ကျန်ရှိနေဆဲဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဘူဆာယက်ဖ် သူပုန်တွေကြောင့် ဖိလစ်ပိုင်နဲ့ မလေးရှားအကြားရှိ ပင်လယ်ပြင်ဟာ ကုန်သင်္ဘောတွေအတွက် အန္ဓရာယ်ကြီးတဲ့ နေရာတခုဖြစ်နေကြောင်း မနီလာကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up