ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံကို မြန်မာ့စပါးကြီးမြွေ ရှုံးနိမ့် (ရုပ်သံ)

One Championship MMA ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲမှာ လက်ရှိ ချန်ပီယံ ဗစ်တာလေ ဘစ်ဒက်ရှ်က မြန်မာ့စပါးကြီး အောင်လ အန်ဆန်းကို အနိုင်ရသွားပါတယ်။ လက်ရှိ ချန်ပီယံ ဗစ်တာလေက အောင်လ အန်ဆန်းကို ၅ ချီအပြည် ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရသွားတာပါ။ ချန်ပီယံ စိန်ခေါ်တဲ့ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ဇန်န၀ါရီ ၁၄ ရက်နေ့က ပြုလုပ်သွားတာပါ။ အောင်လဟာ ဒုတိယအချီအထိ လက်ရှိ ချန်ပီယံကို ယှဉ်ပြိုင် ထိုးသတ်နိုင်ခဲ့ပေမယ့် နောက်ပိုင်း အချီတွေမှာတော့ ဗစ်တာလေက အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ အခုယှဉ်ပြိုင်တဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲကို ပိုလန်နိုင်ငံသားက ထိုးသတ်ဖို့ စီစဉ်ထားပေမယ့် ပြိုင်ပွဲမတိုင်ခင်မှာ ဒဏ်ရာ ရသွားတဲ့အတွက် အောင်လက အစားထိုး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ချန်ပီယံကို ရှုံးနိမ့်သွားလို့ ပရိသတ်တွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ နောက်တပွဲမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာမယ်လို့ အောင်လက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up