A d v e r t i s e m e n t With Us

ရွှေလီ​ရေကာတာ ၂ ခု ​ကြောင့်​ ​ဒေသခံ ​သောင်း​ချီ ဒုက္ခ​ရောက်မည်

ရွှေလီမြစ်​ပေါ်မှာ တည်​ဆောက်​နေတဲ့​ ​ရွှေလီ​ရေကာတာ ၂ ခု​ကြောင့်​ ​ဒေသခံ ပြည်သူ ၃,ဝဝဝ​ကျော် အတင်း​အဓမ္မ ​နေရာ​ရွှေ့​ပြောင်း​ခံရပြီး​ ​ဒေသခံပြည်သူ ၁၅,၀၀၀ ​ကျော် တိုက်ရိုက်ဆိုး​ကျိုး​တွေ ဖြစ်​ပေါ်နိုင်တယ်လို့​ တအန်း​ (ပ​လောင်) ​ကျောင်း​သား​လူငယ်များ​ အစည်း​အရုံး​ (TSYO) က ထုတ်​ဖော်​ပြောဆို လိုက်ပါတယ်။ ‘ထိန်း​ချုပ်မှု​အောက်က မြစ်​ရွှေလီ‘ ဆိုတဲ့​အစီရင်ခံစာကို တအန်း​ (ပ​လောင်) ​ကျောင်း​သား​လူငယ်များ​အစည်း​အရုံး​က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ရှမ်း​ပြည်​မြောက်ပိုင်း​ နမ့်​ခမ်း​နဲ့​ မိုး​မြိတ်မြို့​နယ်တွင်း​က ​ရွှေလီမြစ်​ပေါ်မှာ တည်​ဆောက်တဲ့​ အမှတ် ၂ နဲ့​ ၃ ​ရေကာတာစီမံကိန်း​ကြောင့်​ ​ဒေသခံလူထု ၁၅,၀၀၀ ​ကျော် တိုက်ရိုက်ဆိုး​ကျိုး​ သက်​ရောက်မှာဖြစ်တယ်လို့​ အစီရင်ခံစာမှာ ​ထောက်ပြထား​ပါတယ်။ ဒီစီမံကိန်း​ကြောင့်​ ​ဒေသခံ​တွေ ရင်ဆိုင်ရမယ့်​ ဆိုး​ကျိုး​တွေနဲ့​ပတ်သက်ပြီး​ တအန်း​ကျောင်း​သား​လူငယ်များ​ အစည်း​အရုံး​ရဲ့​ အ​ထွေ​ထွေအတွင်း​ရေမှူး​ မိုင်း​အောင်ကိုက ခုလို ရှင်း​ပြပါတယ်။ “ဒီအမှတ် ၂ မှာဆိုရင် ကျ​နော်တို့​ ​မြေဧက​ပေါင်း​ ၂၀၀၀ ​ကျော် ​ရေလွှမ်း​မိုး​မယ်။ ပြီး​လို့​ရှိရင် ကျ​နော်တို့​ အမှတ် ၃ မှာဆိုရင် သူက ​မြေပြန့်​ဒေသ ဖြစ်တဲ့​အတွက် ​ကြောင့်​မို့​လို့​ ​မြေဧက ၃ ​သောင်း​ ​ကျော်​လောက်အထိ ​ရေလွှမ်း​မိုး​ခံရမယ်။ တပြိုင်နက်တည်း​မှာလည်း​ မြစ်​ကြောင်း​တ​လျှောက်မှာ ရှိတဲ့​ ရွာ​ပေါင်း​ ၅၀၀ ကလည်း​ ​ရေ​အောက် မြုပ်မယ်​ပေါ့​နော်။ အဲဒါကို ဒီ ၂၀၁၃ ခုနှစ်မှာ အပြီး​ရွှေ့​ပေး​ဖို့​ မိုး​မိတ် မရယက က​နေပြီး​မှ အဲဒီမှာ ရွာ​ပေါင်း​ ၅ ရွာ ကို ပြီး​ခဲ့​တဲ့​ ၂၀၁၀ တုန်း​က ​ရွှေ့​ပြောင်း​ပေး​ဖို့​ အမိန့်​ထုတ်ထား​တယ်။ မိုး​လိုရွာ၊​ နရုံး​ စတဲ့​ ​ကျေး​ရွာငါး​ရွာကို ​ရွှေ့​ပြောင်း​ဖို့​ အမိန့်​ထုတ်ထား​သလို အဲဒီရွာ​တွေက လူဦး​ရေ ၃၀၀၀ ​ကျော်​လောက်က ​ပြောင်း​ရွှေ့​ပေး​ရမယ်ခင်ဗျ။ သူတို့​ရွှေ့​တာက​တော့​ အခုလက်ရှိ အဲဒီ မိုး​မိတ်နဲ့​ အမှတ် ၃ ​ရေကာတာကြား​မှာ ရှိတဲ့​ အုန်း​ကျောင်သစ်တို့​၊​ ​ကျောက်​တောင်၊​ ၇ မိုင် အဲဒီဘက်မှာ ရှိတဲ့​ရွာ​တွေကိုလည်း​ ​မြေ​တွေကို သူတို့​က သိမ်း​ပြီး​မှ ပြန်လည်​နေရာချထား​ရေး​ ဆိုပြီး​တော့​မှ စီစဉ်​ပေး​တာ​တော့​ ​တွေ့​တယ်။” ဒါ့​အပြင် အမှတ် ၂ နဲ့​အမှတ် ၃ ​ရေကာတာတည်​ဆောက်ရာ ​ရွှေလီမြစ်တ​လျှောက်က ရွာ​ပေါင်း​ ၂၅ ရွာဟာလည်း​ မြစ်ကို အမှီပြု ​နေထိုင်​နေကြတဲ့​အတွက် ဒီ​ရေကာတာ​ကြောင့်​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေ ထိခိုက်​စေမှာ ဖြစ်တယ်လို့​ တအန်း​ကျောင်း​သား​လူငယ်များ​ အစည်း​အရုံး​က ​ပြောပါတယ်။ ဒါ့​အပြင် ​ရေကာတာလုံခြုံ​ရေး​အတွက် အစိုး​ရတပ်​တွေ တိုး​ချထား​ပြီး​ လယ်ယာခြံ​မြေ​တွေကို အတင်း​အဓမ္မ အသိမ်း​ခံရမှု​တွေလည်း​ ရှိ​နေတယ်လို့​ ဆိုပါတယ်။ ဒါ့​ကြောင့်​ လက်ရှိတည်​ဆောက်​နေတဲ့​ ​ရွေလီအမှတ် ၂ နဲ့​ ၃ ​ရေကာတာကို ရပ်တန့်​ပေး​ဖို့​နဲ့​ တအန်း​ ပ​လောင်အမျိုး​သား​ပါတီအ​နေနဲ့​လည်း​ ဒီ​ရေကာတာ စီမံကိန်း​နဲ့​ပတ်သက်ပြီး​ လွှတ်​တော်မှာ ​ဆွေး​နွေး​တင်ပြ​ပေး​ဖို့​ လူငယ်​တွေက ​တောင်း​ဆိုပါတယ်။ မိုင်း​အောင်ကိုက “ဒီက ထွက်လာတဲ့​ လျှပ်စစ်က ​ဒေသခံ​တွေအတွက်က ဘာမှာ အကျိုး​အမြတ်မရှိခဲ့​သလို ​ဒေသခံ​တွေရဲ့​ ဆုံး​ဖြတ်ချက်မပါတဲ့​အတွက် ​ကြောင့်​မို့​လို့​ အခုလက်ရှိ အမှတ် ၂ နဲ့​ အမှတ် ၃ ​ဆောက်​နေတဲ့​ ဆည်ကို ကျ​နော်တို့​က ရပ်တန့်​ဖို့​ ​တောင်း​ဆိုတာခင်ဗျ။ “အခု လက်ရှိ တအန်း​ပ​လောင်အမျိုး​သား​ပါတီ ကလည်း​ တရား​ဝင်ပါတီ ဖြစ်​နေတဲ့​ အတွက်​ကြောင့်​မို့​လို့​ သူတို့​အ​နေနဲ့​ ပြည်သူလူထုရဲ့​ ကိုယ်စား​ပြုမှု ​ထောင်ခံမှု ရချင်တယ်ဆိုရင် လက်ရှိ ဒီစီမံကိန်း​ကြောင့်​ ထိခိုက်​နေတဲ့​ ဆိုး​ကျိုး​တွေကို သူတို့​က လွှတ်​တော်ထဲမှာ တင်ပြ​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​လည်း​ အကြံပြု​တောင်း​ဆိုထား​တာ ရှိတယ်။ တပြိုင်နက်တည်း​မှာလည်း​ အစိုး​ရအ​နေနဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ရပ်တန့်​ပြီး​တော့​ တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ လုပ်ပြီး​တော့​ စစ်မှန်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​တွေ လုပ်ဖို့​လိုအပ်လို့​ ကျန်ာတို့​က ​တောင်း​ဆိုထား​တယ်။” ရွှေလီ အမှတ် ၂ ​ရေကာတာ စီမံကိန်း​ကို တရုတ်အစိုး​ရက တည်​ဆောက်၊​ လည်ပတ်၊​ လွှဲ​ပြောင်း​ (BOT) စနစ်နဲ့​ ပြုလုပ်ဖို့​ သ​ဘောတူ လက်မှတ် ​ရေး​ထိုး​ထား​ကြောင်း​နဲ့​ မဂ္ဂါဝပ် ၁၀၅၀ ထုတ်လုပ်​ပေး​မယ့်​ အမှတ် ၃ ​ရေကာတာကို​တော့​ ဆွစ်ဇာလန်နိုင်ငံမှ ကိုလန်ကို စွမ်း​အင် အင်ဂျင်နီယာ ကုမ္ပဏီက အမှတ် ၁ လျှပ်စစ် စွမ်း​အား​ဝန်ကြီး​ဌာနနဲ့​ ၂၀၁၀ ပြည့်​နှစ် ​ဖေ​ဖော်ဝါရီလက နား​လည်မှု စာချွန်လွှာ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up