ဓားကိုင်ခြိမ်းခြောက် အမျိုးသားကို အမေရိကန်ရဲ ပစ်ခတ်ဖမ်းဆီးသည့်ရုပ်သံ ဖြန့်ချိ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဖို့ဒ်-ကောလင်းမြို့မှာ ဓားကိုင်ခြိမ်းခြောက်တဲ့ အမျိုးသားတဦးကို ပစ်ခတ်ဖမ်ဆီးစဉ် ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းခွေကို ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီခြိမ်းခြောက်မှုဟာ ပြီးခဲ့တဲနှစ် သြဂုတ်လအတွင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်။ ဂျယ်ရီ ဂျက်ဆင် ရဲ့ ဇနီးဖြစ်သူက အရေးပေါ် ၉၁၁ နံပါတ်ကို အဆက်မပြတ်ခေါ်ခဲ့တာကြောင့် အခင်းဖြစ်ရာကို ရဲတပ်ဖွဲ့က ချက်ချင်းသွားရောက်ခဲ့ပါတယ်။ အခင်းဖြစ်ရာကို ရောက်ချိန်မှာတော့ ဇနီးဖြစ်သူကို ဓားကိုင်ခြိမ်းခြောက်နေတဲ့ ဂျယ်ရီ ဂျက်ဆင်ကို အိမ်ဝင်းအပြင်ဘက်မှာ  မြင်တွေ့ကြရပါတယ်။ ရဲတွေက ဓားကိုပစ်ချပြီး အဖမ်းခံဖို့ အမိန့်ပေးခဲ့ပေမယ့် မနာခံခဲ့ပါဘူး။ အဲဒီနောက်မှာတော့ လက်နက်ကိုင်ထားသူရဲ့ လှုပ်ရှားမှုတွေကို ရုတ်တရက် ရပ်တန့်သွားစေတဲ့ လျပ်စစ်သေနတ်နဲ့ ပစ်ခတ်သတိပေးခဲ့ပေမယ့်လည်း သူက ဓားကို လွှတ်ချခဲ့ခြင်း မရှိပါဘူး။ အဲဒါကြောင့် ရဲတပ်ဖွဲ့က သူ့ကို ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဖို့ဒ်-ကောလင်း ရဲတပ်ဖွဲ့အကြီးအကဲကတော့ “ရဲက ၃-ယောက်တောင်ပဲ ဘာကြောင့် တခြားနည်း လမ်းမသုံးတာလဲလို့  မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါတယ်။ တကယ်လို့ တခြားနည်းလမ်းသုံးခဲ့ရင် ရဲအရာရှိအားလုံး ကံကောင်းပြီး ဒဏ်ရာ မရတာမျိုးဖြစ်နိုင်သလို၊ လည်ပင်းကို ဓားနဲ့အထိုးခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။ ရဲအရာရှိအားလုံးဟာ သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ပါတယ်” လို့ ရှင်းပြသွားပါတယ်။ ဒါ့အပြင် အခုနှစ်ကုန်ပိုင်းကစပြီး သူ့လက်အောက်မှာရှိတဲ့ ရဲအရာရှိအားလုံး တရားခံကို အရေးပေါ်ဖမ်းဆီးတဲ့အခါ လူထု ရှင်းရှင်းလင်းလင်း သိစေဖို့အတွက် ပုခုံးထက်မှာ ကင်မရာအသေးတွေ တပ်ဆင်အသုံးပြုမယ့်အကြောင်းလည်း ရိုက်တာသတင်းဌာနကို ပြောပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up