ဟယ်ရီကိန်း ဟက်ထရစ်သွင်းယူပြီး စပါးက ၀က်စ်ဘရွန်းကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

စနေနေ့ညက အစောဆုံး ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးအသင်းက ၀က်စ်ဘရွန်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းက ၃ ဂိုး သွင်းယူပြီး ဟက်ထရစ် ရသွားပါတယ်။ နောက်တဂိုးကို ၀က်စ်ဘရွန်း ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းရာကနေရ သွားတာပါ။ စပါးအတွက်တော့ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်တိုက်အဖြစ် နိုင်ပွဲရတဲ့ မှတ်တမ်း ၀င်သွားပါတယ်။ ဒီပွဲမှာ စပါးအသင်းဟာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် ၂၁ ကြိမ်အထိ ရခဲ့ပါတယ်။ ၀က်စ်ဘရွန်းကတော့ အဝေးကွင်းမှာ တဖက်အသင်းကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ စပါးက ၄၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up