အိုင်အက်စ်ပစ်မှတ်များကို တူရကီစစ်လေယာဉ်များ ပစ်ခတ်သည့်ရုပ်သံထွက်ပေါ်၊ ၄၁ ဦး သေဆုံး (ရုပ်သံ)

တူရကီ စစ်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဆူဖှလာနီယာနဲ့ ဘဇာဒါ မြို့တွေက အစ္စလာမ္မစ် နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ ပစ်မှတ် ၁၀ ခုကို ဇန်န၀ါရီ ၁၂ ရက်က ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် စစ်သွေးကြွ ၄၁ ဦး သေတယ်လို့ စစ်တပ်က ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ တူရကီ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား သူပုန်တွေက အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ အယ်လ်ဘာ့ဘ် ဒေသကို သိမ်းပိုက်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၂ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုဟာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေသုံးတဲ့ အဆောက်အဦတွေနဲ့ လက်နက်တပ်ဆင်ထားတဲ့ ကားတွေကို ပစ်မှတ်ထားခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။ ဒါဟာ တူရကီနယ်စပ်ကနေ ကာဒစ်ရှ် ပြည်သူ့စစ်တွေနဲ့ အိုင်အက်စ် ဘာသာရေး စစ်ဝါဒီ တွေကို မောင်းထုတ်တဲ့ ယူဖရေးတီးစ် ဒိုင်းစစ်ဆင်ရေးရဲ့ အစိတ် အပိုင်းလည်း ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးဟာ အချိန် လေးလ ကြာနေပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up