အမေရိကန် ပင်နိုးလ်မြို့တွင် နှင်းမုန်တိုင်းကြောင့် အဝေးပြေးကားလမ်းတခု ပြိုကျ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ပင်နိုးလ်မြို့မှာ ဇန်နဝါရီ ၁၁ ရက်နေ့က မိုးနဲ့ဆီးနှင်းမုန်တိုင်း ရောနှောတိုက်ခိုက်ခဲ့တာကြောင့် အဝေးပြေးကားလမ်းတခု ပြိုကျပျက်စီးခဲ့ပါတယ်။ ပင်နိုးလ်မြို့ဟာ ဆန်ဖရစ္စကိုမြို့ အရှေ့မြောက်ဘက်မှာ တည်ရှိပါတယ်။ မိုးနဲ့နှင်းမုန်တိုင်းကြောင့် အဝေးပြေးလမ်းအနီးရှိ ချောင်းငယ်ကို ကာရံထားတဲ့  အုတ်ဘောင်တွေ ကွဲအက်၊ ရုတ်တရက်ရေလျှံပြီး ကားလမ်းပါ ပြိုကျခဲ့တာလို့ အန်ဘီစီရုပ်သံဌာနက ထုတ်လွှင့်ကြေညာပါတယ်။ ရေလျံမှု၊ မြေပြိုမှုတွေကြောင့် အဝေးပြေးလမ်း ခါးလယ်ကနေ ပြန်ထွက်သွားတာကို ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းအတွင်း မြင်တွေ့ကြရပါတယ်။ အခုချိန်ထိ လမ်းချော်မှု၊ မြေပြိုမှုတွေ ဆက်ရှိနေတာကြောင့် ခရီးသွားလာသူတွေ လုံခြုံမှုရှိစေရေးအတွက် ပင်နိုးလ်မြို့အနီးတဝိုက်က လမ်းအတော်များများကို ယာယီပိတ်ထားကြောင်းလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ သတင်းမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up