ပင်လယ်တွင်း တလကျော်ပျောက်ဆုံးသွားခဲ့သည့် သားအဖကို အခြားတနိုင်ငံတွင် ပြန်တွေ့ (ရုပ်သံ)

နယူးဇီလန်နိုင်ငံမှ ပင်လယ်တွင်း ၁ လကျော်ကြာပျောက်ဆုံးနေတဲ့ သားအဖကို မိုင်ပေါင်း ၁၂၀၀ ကျော်အကွာမှ တခြားနိုင်ငံတခုမှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပြီလို့ မေ ရာသတင်းတပုဒ်မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၄၆ နှစ်အရွယ် အလဲန် လဲန်ဂ်ဒွန်အမည်ရတဲ့ အမျိုးသားဟာ အသက် ၆ နှစ်အရွယ် သမီးဖြစ်သူ ကွေနဲ့အတူ ပင်လယ်ပြင်တွင်း ရွက်လှေနဲ့ အပျော်ခရီးထွက်ခဲ့ကြတာပါ။ နယူးဇီလန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်အော်ကျွန်းစုထဲကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရေကြောင်းခရီးတိုတခုအဖြစ် ထွက်ခဲ့ကြတာပါ။ ပင်လယ်တွင်းမုန်တိုင်းတခုကြောင့် ရွက်လှေရဲ့ တက်မပျက်စီးခဲ့ရပြီးနောက်မှာ တော့ သူတို့သားအဖဟာ ရေကြောင်းအတိုင်းမျောပါခဲ့ပြီး သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ အနီးမှာ သောင်တင်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့ရောက်ရှိနေခဲ့တဲ့ နေရာဟာ ဆစ်ဒနီမြို့တောင်ဘက် ၂၃၀ ကီလိုမီတာအ ကွာမှ အာလာဒါလာငါးဖမ်းဆိပ်ကမ်းတခုဖြစ်ပြီး တလကျော်ကြာ ပျောက်ဆုံးနေခဲ့မှုအ တွက် မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ “ကျနော်တို့မှာ တက်မမရှိပဲ အချိန်အတော်ကြာနေခဲ့ရသေးတယ်။ ရွေးချယ်စရာ လည်းများများစားစားမရှိဘူးလေ။ ရာသီဥတုကောင်းလာမလားဆိုပြီး စောင့်ခဲ့ပေမယ့် အ ဆင်မပြေခဲ့ဘူး။ ဒီအခြေအနေမှာ ခုလိုမျှောလိုက်ခဲ့ဖို့ပဲ ရှိတော့တယ်”လို့ သူက ပြောပါ တယ်။ သူဟာ ဇနီးဖြစ်သူနဲ့ ပြီးခဲ့တဲ့နှစ် မတ်ကကတည်းက ကွာရှင်းခဲ့ပြီး သမီးငယ်ကို ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်နေရတာပါ။ အလဲန် လဲန်ဂ်ဒွန်ကတော့ “ဒါဟာ အမှုစစ်ဆေးခံရမယ့် စစ်ပွဲတခုမဟုတ်ပါဘူး။ ဒါ က အရှိတရားတခုပဲ။ ကျနော်က သမီးကို မွေးကတည်းက အမြဲတမ်းပြုစုစောင့်ရှောက်ခဲ့ သူပါ”လို့ ပြောပါတယ်။ သူတို့ သားအဖဟာ လက်ရှိမှာတော့ ခရီးပြန်လည်မထွက်ခွာခင်မှာ အာလာဒါလာ မှာ ရွက်လှေကို ပြင်ဆင်ဖို့ အချိန်အနည်းငယ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up