သံလမ်းပေါ် ရထားကြိတ်ခံသေကြောင်းကြံပေမယ့် မသေခဲ့သည့်အမျိုးသား (ရုပ်သံ)
DVB
·
January 13, 2017
ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ချပူရီခရိုင်ထဲမှာ လူတစ်ဦးက ရထားအောက်ပြေးဝင်ပြီး မိမိ ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြံရွယ်ပေမယ့် မအောင်မြင်ဘဲ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တဲ့ ဗွီဒီယိုဖိုင်တစ်ခု ရေပန်းစားနေပါတယ်။
ဇန်န၀ါရီ ၁၂ ရက် ညနေ ၄ နာရီ နဲ့ ၄၅ မိနစ်အချိန် ခရီးသည်တင်ရထားတစ်စီးဟာ ဖစ်ချပူရီဘူတာရုံနားဆိုက်ရောက်လာစဉ် အစိမ်းရောင်အင်္ကျီနဲ့ ဂျင်းဘောင်းဘီလူတစ်ဦးဟာ သူ့ကိုသူ သေကြောင်းကြံမယ့်ဟန်နဲ့ ရထားလမ်းပေါ် လှဲအိပ်လိုက်ပါတယ်။
ရထားကြီး ခုတ်မောင်းလာကာ သူ့ကိုယ်ပေါ်ကြိတ်သွားတယ်လို့ အနီးနားရှိလူတွေက ထင်မှတ်ပြီး တချို့က မကြည့်ရဲဘဲ မျက်နှာလွှဲစဉ် ၁၅ မိနစ်ခန့်အကြာ ရထားကြီးရပ်တန့်သွားတဲ့အခါ အစိမ်းရောင်ဝတ်ထားသူမှာ ရထားအောက်က ပြေးထွက်လာပြီး ဘူတာရုံတံတိုင်းကို ခုန်ကျော်ထွက်ပြေးသွားပါတယ်။
ဒီအဖြစ်အပျက်တွေကို ဘူတာရုရှိ စီစီကင်မရာ ၂ ခုက ရှုထောင့် ၂ ခုကနေ ရိုက်ကူးထား တာဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့သူကို အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေက အဲဒီနားက ဖစ်ချပူရီဆေးရုံကို ပို့ပေးပြီး ဒဏ်ရာတွေ စစ်ဆေးကြည့်ရာမှာ ခြေထောက်မှာ ပွန်းပဲ့သွားတာကလွဲလို့ အရိုးကျိုး တာတွေမရှိကြောင်း၊ ဒါပေမယ့် ဘာမှသိပ်မေးလို့မရဘဲ စိတ်ကျရောဂါရှိဟန်တူကြောင်း၊ သူဟာ အသက် ၂၃ နှစ်ရွယ်ရှိ ၀ီရချိုင်းဆိုသူ လူငယ်တစ်ဦးဖြစ်ပြီး အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေ သူဖြစ်ကြောင်း၊ ဒီဘူတာရုံနားမှာ လွန်ခဲ့တဲ့ ၂ ရက် ၃ရက်လောက်ကတည်းက တ၀ဲလည်လည် လုပ်နေတာလို့ ပတ်ဝန်းကျင်က ပြောကြောင်း http://news.sanook.com/2151786/ သတင်းမှာ ဖော်ပြသွားပါတယ်။