Home
မြန်မာသတင်း
အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ မြန်မာပြည်​ရောက်ရှိ
DVB
·
November 30, 2011
နှစ် ၅၀ ​ကျော်အတွင်း​မှာ ပထမဦး​ဆုံး​အကြိမ်အဖြစ် အဆင့်​မြင့်​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ဟာ ​နေပြည်​တော်ကို မြန်မာစံ​တော်ချိန် ၄ နာရီ ၂၀ မိနစ်မှာ ​ရောက်ရှိလာတယ်လို့​ သိရပါတယ်။
အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​​ရေးဝန်​ကြီး​​ ​ဟီ​လာ​ရီ​က​လင်​တန်​ ​နေ​ပြည်​တော်​ ​လေ​ဆိပ်​တွင်​ ​တွေ့​ရ​စဉ်
မြန်မာနိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ဒုတိယ ဝန်ကြီး​ ​ဒေါက်တာမျိုး​မြင့်​က​နေ ​လေဆိပ်မှာ သွား​ရောက်ကြိုဆိုခဲ့​တာပါ။ နေပြည်​တော်က သင်္ဂဟ​ဟော်တယ်မှာ ဒီက​နေ့​ည ညအိပ်ရပ်နား​မှာဖြစ်ပြီး​တော့​ မနက်ဖြန်မနက် ၉ နာရီမှာ မြန်မာနိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဏ​မောင်လွင်နဲ့​ ​တွေဆုံပြီး​နောက် နိုင်ငံ​တော်သမ္မတရုံး​မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ မနက် ၁ဝနာရီမှာ ​တွေ့​ဆုံမှာဖြစ်ပါတယ်။ လွှတ်​တော်ဥက္ကဋ္ဌ​တွေဖြစ်တဲ့​ ဦး​ခင်​အောင်မြင့်​နဲ့​ ဦး​သူရ​ရွှေမန်း​တို့​ကိုလည်း​ မနက်ဖြန် ဒီဇင်ဘာလ ၁ရက်​နေ့​မှာ ​တွေ့​ဆုံသွား​မယ်လို့​ သိရပါတယ်။ မြန်မာ ထိပ်တန်း​အစိုး​ရ အရာရှိ​တွေနဲ့​ ​တွေ့​ဆုံမယ်အ​ကြောင်း​အရာကို နှစ်ဖက်စလုံး​က ကြိုတင်ထုတ်ပြန်ထား​ခြင်း​ မရှိ​သေး​ပါဘူး​။ ဒီဇင်ဘာ ၁ ရက်​နေ့​ ညပိုင်း​မှာ ရန်ကုန်မှာ ​ရောက်ရှိမှာဖြစ်ပြီး​တော့​ ၂ ရက်​နေ့​မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်အပြင် မြန်မာနိုင်ငံက ထင်ရှား​ကျော်ကြား​တဲ့​ အနုပညာရှင် ကိုဇာဂန စတဲ့​ နိုင်ငံ​ရေး​တက်ကြွလှုပ်ရှား​သူ​တွေနဲ့​လည်း​ ​တွေ့​မယ်လို့​လည်း​ ရန်ကုန်က လာတဲ့​ သတင်း​တွေအရ သိရပါတယ်။ ဒီဇင်ဘာ ၂ ရက်​နေ့​မှာ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်နဲ့​ ​တွေ့​ဆုံမယ့်​ ကိုဇာဂနာက ​တွေ့​ဆုံမှုနဲ့​ ပတ်သက်ပြီး​ ခုလို​ပြောပါတယ်။ “ကျ​နော်က ​လော​လောဆယ်​တော့​ ဘာမှမစဉ်း​စား​ထား​ဘူး​။ ကျ​နော်က ​ခေါင်း​ထဲ​ပေါ်လာတဲ့​အတိုင်း​ ​ပြောရမှာ​ပေါ့​။ သိပ်လည်း​ အချိန်ရမယ်မထင်ပါဘူး​။ သူလည်း​ ကမ္ဘာပတ်​နေတဲ့​သူဆို​တော့​ ကျ​နော်တို့​နဲ့​ စကား​ပြောရလှ ၁၄၊​ ၁၅မိနစ်​ပေါ့​။ ​ထွေ​ထွေထူး​ထူး​တော့​ စဉ်း​စား​မထား​ပါဘူး​။ ကျ​နော်က​တော့​ အဓိက ဘာ​ပြောရမလည်း​ဆို​တော့​ ​ပေါ်လာတဲ့​အချိန်မှာပဲ ကြုံသလို ​ပြောချလိုက်မှာပါပဲ။” နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ရဲ့​ ခရီး​စဉ်အတွင်း​မှာ ရန်ကုန်မြို့​တော်ကို လုံခြုံ​ရေး​ တိုး​မြှင့်​ချထား​တယ်လို့​လည်း​ သိရပါတယ်။ ရန်ကုန်မှာ ရှိ​နေစဉ်မှာ တန်ခိုး​ကြီး​ ဘုရား​ဖြစ်တဲ့​ ​ရွှေတိဂုံကို သွား​ရောက်မှာ ဖြစ်ပြီး​တော့​ ဒီဇင်ဘာ ၂ ရက်​နေ့​ ည​နေပိုင်း​မှာ ရန်ကုန်က​နေပြိး​တော့​ ပြန်လည်ထွက်ခွာမယ်လို့​လည်း​ သိပါတယ်။ ရန်ကုန်အ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကွန်ရက်က ကိုတိုး​ကျော်လှိုင်က​တော့​ ဟီလာရီကလင်တန်အ​နေနဲ့​ အစိုး​ရနဲ့​ အတိုက်အခံကြား​မှာ ပူ​ပေါင်း​ဆောင်ရွက်နိုင်တဲ့​ လမ်း​ကြောင်း​မျိုး​ကို တိုက်တွန်း​သင့်​တယ်လို့​လည်း​ ​ပြောပါတယ်။ “ကျ​နော်တို့​ နိုင်ငံ​ရေး​အင်အား​စု​တွေက ဖြစ်​စေချင်တာက​တော့​ အစိုး​ရနဲ့​ ဒီမိုက​ရေစီအတိုက်အခံ အင်အား​စု​တွေကို ဒီ့​ထက်ပိုပြီး​တော့​ ပါး​စပ်​ပြောမဟုတ်ဘဲနဲ့​ လက်​တွေ့​ပူး​ပေါင်း​ဆောင်ရွက်နိုင်တဲ့​ လမ်း​ကြောင်း​မျိုး​ကို သူက အစိုး​ရကို တိုက်တွန်း​သွား​စေချင်တယ်။ ​နောက်ပြီး​တော့​ အန်တီ​ပြော​နေတဲ့​ တရား​ဥပ​ဒေစိုး​မိုး​ရေး​ ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​တော့​၊​ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ထိထိ​ရောက်​ရောက်လုပ်ပြ​စေချင်တယ်။ အစိုး​ရက ဘာမှမလုပ်​သေး​ဘူး​ဗျ။ ကျ​နော်တို့​က​တော့​ အဲ့​လို​မျှော်လင့်​တာ​ပေါ့​။ ​နောက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကိုမင်း​ကိုနိုင်တို့​ကို​တော့​ အဓိကထား​တောင်း​ဆိုမှာပဲ​လေ။ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​လေး​များ​ မကြာခင် လိုက်လာနိုင်မလား​ပေါ့​လေ။ အဲ့​လို​မျှော်လင့်​ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024