Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ကို​ဇော်လင်း​ထွန်း​ ကွယ်လွန်
နော်နိုရင်း
·
November 30, 2011
နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ကို​ဇော်လင်း​ထွန်း​ ဒီက​နေ့​ ​နေ့​ခင်း​ ပဲခူး​တိုင်း​ ​ကျောက်တံခါး​မြို့​က ​နေအိမ်မှာ ကွယ်လွန်သွား​ပါတယ်။ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထား​ရပြီး​ ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ ၁၂ ရက်​နေ့​က သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာပြီး​ ​ထောင်တွင်း​မှာကတည်း​က ခံစား​ခဲ့​ရတဲ့​ ကင်ဆာ​ရောဂါနဲ့​ ကွယ်လွန်သွား​တာပါ။ ဒီ​နေ့​ ည​နေ ၃ နာရီမှာ ​နေ့​ချင်း​ သင်္ဂြိုဟ်ခဲ့​တယ်လို့​ ကို​ဇော်လင်း​ထွန်း​ ​ထောင်တွင်း​ရှိ​နေစဉ် ကူညီ​စောင့်​ရှောက်ခဲ့​တဲ့​ ဦး​ဌေး​က ​ပြောပါတယ်။ “​ရောဂါက ရန်ကုန်မှာကတည်း​က အထူး​ကု ဆရာဝန်​တွေက ၃ လက​နေ ၆ လအတွင်း​ပဲ ခံမယ်ဆိုပြီး​ပြောတယ်။ သူက​သေမယ့်​အတူတူ ဒီမှာ​ဆေး​မကု​တော့​ဘူး​။ သူ့​ဌာ​နေမှာပဲ အ​မေ့​ရင်ခွင်မှာပဲ ​သေမယ်ဆိုပြီး​ ​ပြောတယ်။ သူ့​အ​မေကလည်း​ ဒီကိုလိုက်မလာနိုင်ဘူး​ဆို​တော့​လေ။ ကျ​နော်တို့​လည်း​ ​ဆေး​ရုံတင်ပြီး​ ဆက်ကုသဖို့​ ပြင်ဆင်ပါတယ်။ ဒါ​ပေမယ့်​ သူကိုယ်တိုင်က သူ့​အ​မေ​ဒေသ သူ့​မွေး​ရပ်​မြေမှာပဲ ​သေချင်တယ်ဆိုပြီး​တော့​ ပြန်သွား​တာ​ပေါ့​လေ။ ​ရောဂါကလည်း​ ကျွမ်း​နေပြီဆို​တော့​ ကင်ဆာ​ဆေး​နဲ့​ မကုဘဲ ​ဝေဒနာသက်သာ​အောင် တခြား​ဆေး​တွေပဲ​​ ပေး​ရတာ​ပေါ့​။ ပြီး​ခဲ့​တဲ့​ ၂ ရက်​လောက် စပြီး​တော့​ ​ရောဂါက​ဖောက်လာတယ်။ ကျနော်တို့​ကို အ​ကြောင်း​ကြား​တယ်။ သူခံ​တော့​မှာမဟုတ်ဘူး​။ ကျ​နော်တို့​လိုက်သွား​ဖို့​ ပြင်​နေတုန်း​ ဒီ​နေ့​ပဲ ဆုံး​သွား​တယ်လို့​ သိရတယ်။ ကင်ဆာဆို​တော့​ အား​ချင်း​ သင်္ဂြိုဟ်တယ်။” ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်ရှိပြီဖြစ်သည့်​ ကို​ဇော်လင်း​ထွန်း​ဟာ မကွယ်လွန်ချိန်ထိ နိုင်ငံရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​အတွက် ​တောင်း​ဆိုတဲ့​ လက်မှတ်​ရေး​ထိုး​လှုပ်ရှား​မှုမှာ ပါဝင်ခဲ့​သူဖြစ်ပါတယ်။ ကို​ဇော်လင်း​ထွန်း​ဟာ ​ထောင်ကျ​နေစဉ် အသည်း​ ဘီပိုး​၊​ တီဘီ၊​ ​ကျောက်ကပ် စတဲ့​ ​ရောဂါ​တွေ ခံစား​နေရတဲ့​အတွက် ပြီး​ခဲ့​တဲ့​ ဩဂုတ်လက ​ထောင်တွင်း​မှာ ​ဆေး​ရုံတင်ခဲ့​ရပါတယ်။ ရောဂါ မသက်သာတာ​ကြောင့်​ စက်တင်ဘာ ၁ ရက်​နေ့​က သူ့​ကို ​ထောင်အပြင် အင်း​စိန်​ဆေး​ရုံကြီး​မှာ ​ပြောင်း​ရွှေ့​ကုသခဲ့​ရာမှာ ဆရာဝန်ရဲ့​ စစ်​ဆေး​ချက်အရ အသည်း​ကင်ဆာဖြစ်​နေ​ကြောင်း​ကို​တွေ့​ရှိရပြီး​ ၃ လက​နေ ၆ လအထိသာ အသက်ရှင်မယ်လို့​ ဆရာဝန်က မှတ်ချက်​ပေး​ခဲ့​ပါတယ်။ လပိုင်း​သာ အသက်ရှင်ရ​တော့​မယ့်​အတွက် လွတ်ငြိမ်း​သာခွင့်​ပေး​ဖို့​ မိသား​စုဝင်​တွေက ​ထောင်အာဏာပိုင်​တွေကို​တောင်း​ဆိုခဲ့​ပေမယ့်​ ​ထောင်ဒဏ် ၁၁ နှစ်ကျန်​သေး​တယ်ဆိုပြီး​ လွှတ်မ​ပေး​ခဲ့​ဘဲ လွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ လွတ်လာခဲ့​တာပါ။ ကို​ဇော်လင်း​ထွန်း​ဟာ ၁၉၉၁ ခုနှစ်တုန်း​ကလည်း​ ​ကျောင်း​သား​သမဂ္ဂနဲ့​ ​ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုး​သား​ညွန့်​ပေါင်း​အစိုး​​ရ (NCGUB) ​ထောက်ခံတဲ့​ လှုပ်ရှား​မှုတို့​နဲ့​ ဖမ်း​ဆီး​ခံရပြီး​ နှစ်ရှည်​ထောင်ဒဏ်ချမှတ်ခံခဲ့​ရပါတယ်။ ​ထောင်က​နေ ပြန်လွတ်လာပြီး​နောက်ပိုင်း​ ၂၀၀၃ ခု ဗကသ ပြန်လည်ဖွဲ့​စည်း​ရေး​ လှုပ်ရှား​မှုမှာ ပါဝင်တဲ့​အတွက် ထပ်မံဖမ်း​ဆီး​ခံရပြီး​ ​ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့​ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024