ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ၏ အနီကတ်ပြစ်ဒဏ် အယူခံ ပယ်ချခံရ

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီရဲ့ အနီကတ်ပြစ်ဒဏ်ကို အသင်းဘက်က အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် ၁ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိ ဂျွန်တယ်ရီဟာ အက်ဖ်အေဖလားပွဲစဉ်ဖြစ်တဲ့ ပီတာဘရော့နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့ပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဂျွန်တယ်ရီအနေနဲ့ ၁ ပွဲပယ် ပြစ်ဒဏ်ကြောင့် လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကစားမယ့် လက်စတာစီးတီးနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပီတာဘရော့နဲ့ပွဲမှာ တယ်ရီအထုတ်ခံခဲ့ရပေမယ့် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဂျွန်တယ်ရီဟာ ချဲလ်ဆီးအသင်းနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းနဲ့ ၈ ပွဲပဲ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up