ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ တွေ့ဆုံ
DVB
·
November 30, 2011
မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေထဲမှာ စစ်အဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ မိသားစုနဲ့ ရင်နှီးကျွမ်းဝင်သူလို့ လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဟာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
[caption id="attachment_18367" align="alignright" width="300" caption="ဦးတေဇ"][/caption]
ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင် အတည်ပြုချက်မပေးပါဘူး။ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ဦးတေဇနဲ့ သူရဲ့ ကုမ္ပဏီဖြစ်တဲ့ ထူးထရေးဒင်းနဲ့ ဆက်စပ် ကုမ္ပဏီတွေကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ထားပါတယ်။
အမေရိကန် နိုင်ငံခြားဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် ရက်ပိုင်းအလိုမှာ အခုလို့ ဦးတေဇက ဒေါ်အောင်ဆန်းစုကြည်ဆီ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။