Home
မြန်မာသတင်း
ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ဘားအံတွင် ကျင်းပ
နော်နိုရင်း
·
January 11, 2017
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဇန်န၀ါရီ ၁၁ ရက်နေ့က ၁၃ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပနေပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်တဲ့နေရာမှာ ကရင်အမျိုးသားတွေ အနေနဲ့ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မယ်ဆိုတာ ဘုံသဘောတူညီချက်ရရှိလို့ ဆွေးနွေးတာဖြစ်တယ်လို့ ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီဝင် ပဒိုစောလှထွန်းကပြောပါတယ်။ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ တည်ဆောက်ချင်တယ်ဆိုရင် ဘယ်လို ဖက်ဒရယ်စနစ် ဆိုင်ရာနဲ့ တည်ဆောက်မယ်ဆိုတာက ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ ဘုံသဘောထားနဲ့ ရပ်တည်ချက်ကိုပြသဖို့လိုတယ်။ အဲဒီအတွက် လာမယ့် ဇန်န၀ါရီလ ၁၈၊ ၁၉ နဲ့ ၂၀ တွေမှာ ကရင်ပြည်နယ် ဘားအံမြို့မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှာဖြစ်တယ်။ လူဦးရေ ၅၀၀ ထက်မပိုသော ကရင်လူမျိုးတွေ ပါဝင်ဆွေးနွေးတဲ့ နိုင်ငံရေးဆွေး နွေးပွဲကို ကျနော်တို့ ကျင်းပပြုလုပ်မှာဖြစ်တယ်။” ဒါ့အပြင် မြန်မာနိုင်ငံမှာ အရင်က မကျင်းပခဲ့ဖူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဘားအံမြို့မှာ ကျင်းပမှာဖြစ်လို့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရပ်တည်ချက်သဘောထား ချမှတ်နိုင်ဖို့လို အပ်တယ်လို့လည်း ပြောပါတယ်။ “ဒီမြန်မာနိုင်ငံမှာ တခါမှ မကျင်းပဖူးသေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ ကရင်လူမျိုးတွေက လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို စစချင်း ပြုလုပ်ကျင်းပ ခွင့်ရမှာ ဖြစ်တဲ့အတွက် ဒါဟာ သမိုင်းမော်ကွန်းတင်ရမယ့် ကရင်လူမျိုးတွေရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ စံ ဘုံသဘောထား ကောင်းမွန်တဲ့ရလဒ်တွေ ချပေးနိုင်ဖို့ လိုပါတယ်။” ဆွေးနွေးပွဲမှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကော်သူးလေနဲ့ အထက်မြန်မာပြည်က ကရင်အမျိုးသားကိုယ်စားလှယ် ၁၅၀ လောက်အပါအ၀င် လေ့လာသူ ပေါင်း ၂၀၀ လောက်တက်ရောက်နေပါတယ်။ ဒီဆွေးနွေးပွဲကနေ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရပ်တည်တချက်တခု ထွက်ပေါ်လာနိုင်ဖို့ မျှော်လင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024