Home
မြန်မာသတင်း
ကော့သောင်းတွင် လူငယ်ချင်းစကားများရာမှ လူသတ်မှုဖြစ်
DVB
·
January 11, 2017
ကော့သောင်းမြို့၊ ချောင်းဝကျေးရွာမှာ ဇန်န၀ါရီ ၁၀ ရက် မနက် ၁ နာရီခွဲက လူငယ်ချင်းစကားများရာက လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ ၉ ရက် ည ၉ နာရီခန့်က ချောင်းဝကျေးရွာလမ်းဘေးခုံတန်းမှာ တင်အောင် နဲ့သူငယ်ချင်း ၃ ဦးတို့ ဘီယာထိုင်သောက်နေကြပြီး ဘီယာဘူးခွံကို လမ်းပေါ်လွှင့်ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တရွာတည်းနေ ဝေယံဦးရောက်လာပြီး ဘီယာဘူးခွံကို ခြေဖြင့်ကန်ခဲ့လို့ တင်အောင်က “ဒီကောင်တော့ ငါလုပ်ရင်သေတော့မယ်” လို့ ကြိမ်းဝါးပြီး နေအိမ်ကို ပြန်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၁ ရက် မနက် ၁ နာရီ ခွဲခန့်မှာ တင်အောင်က ဝေယံဦးအိမ်ကိုသွားပြီး “မင်းက ဘာမကျေနပ်တာလဲ” လို့ မေးပြီးလက်သီးနဲ့ ထိုးရာ ဝေယံဦးရဲ့ မိခင်က ဝင်တားလို့ တင်အောင်က ဖိနပ်နဲ့ ရိုက်ခဲ့ပါတယ်။ ဝေယံဦးက အိမ်ရှေ့ပန်းအိုးထဲမှ ဓားဦးချွန်နဲ့ တင်အောင်ကို ထိုးနေချိန်မှာ တင်အောင်ရဲ့ အကိုနှစ်ဦးရောက်လာပြီး ဝေယံဦးကို ရန်ပြုမှာစိုးလို့ ဝေယံဦးရဲ့ အမေနဲ့ ညီမက ၀င်ကာပေးနေချိန် ဝေယံဦးက တင်အောင်ကိုဓားနဲ့ထပ်မံထိုးခဲ့ရာ ဝမ်းဗိုက်၊ ဆီးခုံနဲ့ ယာဖက်ရင်အုံတို့မှာ ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတင်ပို့စဉ် လမ်းမှာသေဆုံးခဲ့ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဝေယံဦး၊ ဒေါ်နုကြည်နဲ့ မအိနှင်းဖြူတို့ကို ကော့သောင်းမြို့ မြို့မရဲစခန်းက (ပ)၅၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရအမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024