Home
မြန်မာသတင်း
လူထု​ဒေါ်အမာ ​မွေး​နေ့​ ဆွမ်း​ကပ်လှူ
ရွှေအောင်
·
November 29, 2011
ကွယ်လွန်သူ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာမကြီး​ လူထု​ဒေါ်အမာ ၉၆ နှစ်ပြည့်​ ​မွေး​နေ့​အလှူအဖြစ် စစ်ကိုင်း​တောင်ရိုး​၊​ မြစကြာ​ကျောင်း​တိုက်က သံဃာအပါး​၃၀၀ ကို နိုဝင်ဘာ၂၉ ရက် ဒီ​နေ့​မနက်ပိုင်း​မှာ ဆွမ်း​ဆက်ကပ် လှူဒါန်း​ခဲ့​ပါတယ်။ ရန်ကုန်အပါအဝင် မြို့​ရွာ​ဒေသအသီး​သီး​က စာ​ရေး​ဆရာ၊​ အယ်ဒီတာ​တွေ အပါအဝင် ပရိသတ် ၁၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လူထု ​ဒေါ်အမာရဲ့​ သား​ဖြစ်သူ စာ​ရေး​ဆရာ ညီပု​လေး​က ​ပြောပါတယ်။ လူထု​ဒေါ်အမာရဲ့​ သား​တဦး​ဖြစ်တဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​က အခုလိုအချိန်မှာ အ​မေရှိ​စေချင်တယ်လို့​ ​ပြောပါတယ်။ “အ​မေ့​မွေး​နေ့​နဲ့​ ပတ်သက်လို့​ ကျ​နော်တို့​ ​ပြောချင်တာ​တော့​ အခုအ​ခြေအ​နေ​ပေါ့​လေ။ ကျ​နော်တို့​ ဗမာပြည်ရဲ့​ နိုင်ငံ​ရေး​ ရှုပ်​ထွေး​လာတဲ့​ အချိန်မှာ အ​မေရှိ​နေရင် အများ​ကြီး​ ​ကောင်း​မှာပဲလို့​ ​မျှော်လင့်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အ​မေတခွန်း​ပြောတာက အများ​ကြီး​ထိ​ရောက်ပါတယ်။ အ​မေ့​စကား​ကို ​လေး​လေး​စား​စား​ နား​ထောင်တဲ့​သူ​တွေ အများ​ကြီး​ ရှိ​နေတဲ့​အခါမှာ တချို့​ ကျ​နော်တို့​ ​ပြောတာနဲ့​စာရင် အ​မေ​ပြောတာက အများ​ကြီး​ ပိုပြီး​ တာသွား​ပါတယ်။ အဲဒီဟာမျိုး​ ​ပြော​စေချင်တာမျိုး​ ကြား​စေချင်တာမျိုး​ ဖြစ်မိပါတယ်။” လူထု​ဒေါ်အမာရဲ့​ ​မွေး​နေ့​ကို ဆရာမကြီး​ အသက် ၇၀ ပြည့်​တဲ့​ ၁၉၈၅ ခုနှစ်ကစပြီး​ ကျင်း​ပခဲ့​ရာမှာ စာ​ပေမိတ်​ဆွေ၊​ တပည့်​ သား​မြေး​တွေနဲ့​ နှစ်စဉ်လိုလို စည်ကား​ခဲ့​ပြီး​ စာ​ပေ​လောကသား​တွေဆုံဆည်း​ရာ အထင်ကရပွဲတခုဖြစ်ခဲ့​ပါတယ်။ လူထု​ဒေါ်အမာကို ၁၉၁၅ ခု၊​ နိုဝင်ဘာ ၂၉ ရက်​နေ့​ မန္တ​လေး​မြို့​မှာအဖ ဦး​ထင်၊​ အမိ​ဒေါ်စုတို့​က ​မွေး​ဖွား​ပြီး​ မန္တ​လေး​မြို့​မှာ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်က ကွယ်လွန်ခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024