Home
မြန်မာသတင်း
ဖိလစ်ပိုင်နိုင်ငံအနီး အင်အားပြင်းငလျင်လှုပ်
DVB
·
January 10, 2017
  မြန်မာနိုင်ငံပြည်ပ ဖိလစ်ပိုင်နိုင်ငံ ဆယ်လဘက်စ် ပင်လယ်ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျ တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့  မြေငလျင် တစ်ခု လှုပ်ရှားသွားတယ်လို့ မြန်မာ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၀ရက် မြန်မာစံတော်ချိန် ၁၂နာရီ ၄၃မိနစ် ၄၈စက္ကန့်အချိန်က  ကမ္ဘာအေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၁၉၈၅ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်ပမှာ ငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနကလည်း  ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒီကနေ့ မနက် အင်အား ၇ဒသမ ၃ ရစ်ခ်ျတာစကေးလောက်ရှိတဲ့ ပင်လယ်ရေအောက်ငလျင်ကြီး လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ငလျင်ရဲ့အနက်ဟာ မိုင် ၃၈၀လောက်မှာရှိပြီး ဆူနာမိ ငလျင်ရေလှိုင်းသတိပေးချက်တွေတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024