ကျန်းမာရေးသုတေသနညီလာခံ၌ စာတမ်းပေါင်း ၁၀၀ ကျော်တင်သွင်း (သတင်းဓာတ်ပုံ)
DVB
·
January 10, 2017
၄၅ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ်မှာရှိတဲ့ ဆေးသုတေသနဦးစီးဌာနမှာ ကျင်းပနေရာမှာ စာတမ်းပေါင်း ၁၅၀ ကျော် တင်သွင်းဖတ်ကြားဖို့ရှိနေပါတယ်။
ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပတဲ့ဒီညီလာခံမှာ အခြေခံသုတေသနစာတမ်း(၄၈)စောင်၊ အသုံးချသုတေသနစာတမ်း(၂၄)စောင်၊ လူမှုရေးနှင့်ကျန်းမာရေးစနစ် သုတသနစာတမ်း (၃၁) စောင်နဲ့ ပိုစတာ စာတမ်း (၅၆) စောင်တို့ကို တင်သွင်းဖတ်ကြားသွားမှာဖြစ်ပါတယ်။
ဒီညီလာခံကို ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အနယ်နယ်အရပ်ရပ်က ဆရာဝန်တွေ၊ သုတေသီပညာရှင်တွေ၊ ကျန်မာရေးဝန်ထမ်းတွေနဲ့ သုတသန စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။
သတင်း - ဆုဆုသွယ်