ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ကျူးကျော်စာရင်းများ စတင်ကောက်ယူ
DVB
·
January 10, 2017
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြောက်ပိုင်းမြို့နယ်မှာ ကျူးကျော်စာရင်းတွေကို ဇန်နဝါရီ ၉ ရက်နေ့က စတင်ကောက်ယူနေပါတယ်။
ဒဂုံမြောက်ပိုင်းမြို့နယ် (၃၃) ရပ်ကွက်မှာ စတင်ကောက်ယူခဲ့တာဖြစ်ပြီး နည်းပညာ အခက်အခဲတချို့ရှိနေတာကြောင့် စက်အားလုံး အသုံးမပြုနိုင်ဘဲ အိမ်ထောင်စုပေါင်း ၁၂၂ စုသာ စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွေမှာ ကျူးကျော်နေအိမ်စာရင်း တွေကို ကောက်ကွက် ၂ နေရာစီခွဲပြီး တပြိုက်နက်ကောက်ယူနေ တာဖြစ်တယ်လို့သိရပါတယ်။
ကောက်ကွက် တနေရာကို အိမ်ထောင်စုပေါင်း ၃၀၀ ခန့်အထိ ကောက်ယူဖို့ စီစဉ်ထားပြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ ကျူးကျော်နေအိမ်ပေါင်း ၃ ထောင်ခန့် ရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
သတင်း - စိုးမိုးအောင်