La La Land ရုပ်ရှင်ဇာတ်ကား ရွှေကမ္ဘာလုံးဆု ၇ ဆုရရှိ

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဟောလိဝုဒ် ဂီတ၊ အချစ်နဲ့ ဟာသရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ La La Land ဇာတ်ကားက ထူးချွန်ဆု ၇ ဆုရပြီး ဆုတွေ စံချိန်တင် သိမ်းကျုံးရယူသွားပါတယ်။ နာမည်ကျော် ဟောလိဝုဒ်မင်းသမီး မင်းသားတွေဖြစ်တဲ့ အမ်မာစတုန်းနဲ့ ရိုင်ယန်ဂိုးစလင်းတို့က ဒီဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေ ရရှိခဲ့သလို အကောင်းဆုံး ဂီတနဲ့ ဟာသရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းနဲ့ သီချင်းဆုတွေလည်း ရရှိခဲ့တာပါ။ အကောင်းဆုံးရုပ်ရှင် ဒရာမာအမျိုးအစားမှာတော့ Moonlight ဇာတ်ကားကရရှိပြီး ဒရာမာ အမျိုးသမီးသရုပ်ဆောင်ဆုကို Elle ဇာတ်ကားနဲ့ အစ္စဘယ်လာဟပ်ပတ်၊ ဒရာမာ အမျိုးသားသရုပ်ဆောင်ဆုကို Manchester by the Sea ဇာတ်ကားနဲ့ ကေဆီအဖလက်ခ်က ရရှိသွားပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Fences ဇာတ်ကားနဲ့ ဗိုင်အိုလာဒါဗစ်က ရရှိပြီး အမျိုးသားဇာတ်ပို့ဆုကိုတော့ Nocturnal Animals ဇာတ်ကားနဲ့ တေလာဂျွန်ဆင်က ရရှိသွားပါတယ်။ အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆုကို Zootopia ဇာတ်ကားက ရရှိပြီး အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုကို Elle ဇာတ်ကားက ရရှိသွားသလို အကောင်းဆုံး ရုပ်သံဆုတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up