Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် မြို့နယ်များရှိ တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းများအခြေအနေ စစ်တမ်းကောက်ယူ
DVB
·
January 9, 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တွံတေးမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က တရားရုံး၊ ဥပဒေရုံး၊ ရဲစခန်းတွေရဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီမှာ တွံတေးမြို့နယ် တရားရုံးနဲ့ မြို့နယ် ရဲစခန်းတို့ကို စပြီး ကွင်းဆင်းလေ့လာ စစ်တမ်းကောက်ယူနေပါတယ်။ ဒီကော်မတီဟာ ရန်ကုန်တိုင်း ၄၅ မြို့နယ်က ကိုကိုးကျွန်းမြို့က လွဲပြီး ကျန်တဲ့ ၄၄ မြို့နယ်လုံးကို ကွင်းဆင်းလေ့သွားဖို့ စီစဉ်ထားပါတယ်။ ဒီနေ့သွားမယ့် ၂ မြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၄၀ ကို ကွင်းဆင်းလေ့လာ စစ်တမ်းကောက်ယူပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ၄ မြို့နယ်ကို နောက်အပတ် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာမှာ ကွင်းဆင်းလေ့လာ စစ်တမ်းကောက်ယူသွားမှာ ဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဦးရန်အောင်က ပြောပါတယ်။ ကောက်ယူပြီး စစ်တမ်းတွေ့ရှိချက်တွေကို ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ လက်မှတ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပေးပို့သွားမှာဖြစ်တယ်လို့ ဦးရန်အောင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024