မြန်မာပြည်အခြေအနေမှန် မစ္စကလင်တန်ကို တိုင်းရင်းသားများအသိပေးမည်
DVB
·
November 28, 2011
မြန်မာပြည်တွင်း ဖြစ်ပေါ်ပြောင်းလဲမှု ပကတိအခြေအနေတွေကို သိရှိနိုင်စေဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် မြန် မာနိုင်ငံကို ရောက်ရင် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ပြီး တင်ပြဖို့ ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားမဟာမိတ်များအဖွဲ့) က စီစဉ်နေပါတယ်။
မစ္စကလင်တန်ဟာ နိုဝင်ဘာလကုန်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ မြန်မာ နိုင်ငံကို ရောက်လာမှာဖြစ်တယ်။
[caption id="attachment_13037" align="alignright" width="300" caption="ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)"][/caption]
ခရီးစဉ်မှာ မစ္စကလင်တန်ဟာ အစိုးရတာဝန်ရှိသူတွေနဲ့ရော အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဖို့ရှိနေပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့တော့ တွေ့၊ မတွေ့ မသိရသေးပါဘူး။
တိုင်းရင်းသား ၇ ပါတီကတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ ထင်သာမြင်သာ မရှိသေးဘူးဆိုတာကို သတိထားမိစေဖို့ ရည်ရွယ်ပြီး ပူးပေါင်း စာရေးသားဖို့ ကြိုတင်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဦးစိုင်းလိတ်က ပြောပါတယ်။
“အဓိကတော့ မြန်မာပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေဟာ အားလုံးက ပြောနေသလို ထင်သာမြင်သာ ရှိသေးတာ မဟုတ်ဘူး။ အပြည့်အဝ ပြုပြင်ပြောင်းလဲ မှုတွေ ရှိသေးတာမဟုတ်ဘူးဆိုတာကို မစ္စကလင်တန်အနေနဲ့ သူ့အဖွဲ့သားတွေ အကုန်လုံး သတိထားပြီးတော့မှ သတိရှိရှိနဲ့ သိသွားစေချင်လို့ပါ။”
ဒီစာကို ပူးပေါင်းရေးသားမယ့် မဟာမိတ်အဖွဲ့ထဲမှာ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ကရက် စတဲ့ ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ဝင် ၇ ဖွဲ့တို့ပါဝင်ပြီး မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။