ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကနေ ယမ်းပြုလုပ်သည့် ဓာတ်မြေသြဇာအိတ်များ ဖမ်းဆီးရမိ
DVB
·
January 9, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးမှာ ဇန်နဝါရီ ၇ ရက်နေ့က ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကနေ ယမ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာအိတ်ေ်တွကို ဖမ်းဆီးရမိခဲ့ပါတယ်။
ယာဉ်တစီး တိမ်းမှောက်နေလို့ သွားရောက်စစ်ဆေးရာ မန္တလေးကနေ ဖားကန့်ကို ကုန်မျိုးစုံ တင်ဆောင်လာတဲ့ ကင်တာအမျိုးအစား ၆ ဘီးယာဉ်ဟာ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၂၁/၁ နှင့် ၂ ကြားမှာ အရှိန်လွန် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်မှာ လူသုံးကုန်ပစ္စည်းတွေနဲ့ ရောပြီး အကောက်ခွန်မဲ့ သယ်လာတဲ့ တရုတ်စာတမ်းပါ တအိတ်ကို ၄၀ ကီလိုဂရမ်ခန့်ဆံ့တဲ့ ဓာတ်မြေသြဇာ အိတ်စုစုပေါင်း ၄၂၊ ကာလတန်ဖိုး ၃၁၅၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့ပါတယ်။ အင်းတော်မြို့မရဲစခန်းက အရေးယူ စုံစမ်းဖော်ထုတ်နေပါတယ်။
သတင်း - နိုင်စိုးလင်း