၄၅ ကြိမ်မြောက် ဆေးသုတေသနညီလာခံ စတင်ကျင်းပ

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကျန်းမာရေး သုတေသနစာတမ်းတွေ တင်သွင်းဖတ်ကြားတဲ့ ၄၅ ကြိမ်မြောက် ဆေးသုတေသနညီလာခံကို ဒီကနေ့ ဇန်နဝါရီလ ၉ရက်နေ့မှာ စတင်ကျင်းပနေပါပြီ။ ဒီညီလာခံမှာ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆေးပညာစာတမ်း ၁၀၀ ကျော်နဲ့ ပိုစတာ ၅၆ စောင် ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ ဒီညီလာခံကို သောကြာနေ့အထိ ၅ ရက်တာကျင်းပမှာဖြစ်ပြီး စာတမ်းတွေကိုတော့ ၂ နေရာခွဲပြီး ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ ကျန်းမာရေးဆေးပစ္စည်း ဆိုင်ခန်းတချို့ကိုလည်း ခင်းကျင်းပြသထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up