Home
မေးမြန်းခန်း
ထောင်​ချောက်တခုဆိုရင် ဘယ်လို ရုန်း​ထွက်မလဲဆိုတာကို ဝိုင်း​စဉ်း​စား​ပေး​ချင်တယ်
နေသွင်
·
November 28, 2011
ကိုမင်း​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ရဲ့​ အဖွဲ့​ဝင်တ​ယောက်ဖြစ်ပြီး​ လူငယ်နိုင်ငံ​ရေး​သင်တန်း​ကျောင်း​ (​ဗေဒါ) အင်စတီကျုကို တည်​ထောင်သူ၊​ ​လော​လောဆယ် ဒီမိုက​ရေစီကွန်ရက်မှာ ဦး​ဆောင်လှုပ်ရှား​နေသူ ကိုမျိုး​ရန်​နောင်သိန်း​က သူ့​အ​နေနဲ့​ လာမယ့်​ ​ရွေး​ကောက်ပွဲ​တွေမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ရည်ရွယ်ချက်ရှိတယ်လို့​ ​ပြောပါတယ်။ ရွေး​ကောက်ပွဲဝင်လမ်း​ကြောင်း​ဟာ စွန့်​စား​ရတဲ့​ကိစ္စဖြစ်ပြီး​ အကယ်၍ ​ထောင်​ချောက်တခု ဖြစ်ခဲ့​ရင်လည်း​ ရုန်း​ထွက်နိုင်ဖို့​ ဝိုင်း​ဝန်း​စဉ်း​စား​ပေး​ချင်တယ်လို့​ ​ပြောပါတယ်။ ကိုမျိုး​ရန်​နောင်သိန်း​နှင့်​ ​မေး​မြန်း​ချက် ကိုမျိုး​ရန်​နောင်သိန်း​ ကိုယ်တိုင်က ​ရွေး​ကောက်ပွဲဝင်မယ်လို့​ ကြား​တယ်။ ဟုတ်လား​ခင်ဗျ။ [caption id="attachment_18322" align="alignright" width="300" caption="ကိုမျိုးရန်နောင်သိန်း"][/caption] “ဒါက ​နောက်ဆုံး​ပိတ် ဆုံး​ဖြတ်​ပေး​မှာက ​ဒေါ်​အောင်ဆန်း​စုကြည်ပဲ။ ကျ​နော့်​အ​နေနဲ့​က ​ပြောရရင်​တော့​ ​ရွေး​ကောက်ပွဲက ဝင်သင့်​တယ်လို့​ ယူဆတယ်။” တသီး​ပုဂ္ဂလ အ​နေနဲ့​ပေါ့​နော်။ “ဝင်မယ်ဆိုရင်​တော့​ တသီး​ပုဂ္ဂလအ​နေနဲ့​ မဟုတ်ပါဘူး​။ အဖွဲ့​ချုပ်အ​နေနဲ့​ လက်ခံတယ်ဆိုရင် အဖွဲ့​ချုပ်အ​နေနဲ့​ ဝင်ဖြစ်မှာပါ။” ပါတီဝင်ဖြစ်သွား​မှာ​ပေါ့​။ “ပါတီဝင်ဖြစ်သွား​မှာ​ပေါ့​။ တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်ဖို့​မရှိပါဘူး​။ ကျ​နော့်​အ​နေနဲ့​ အစုအဖွဲ့​နဲ့​ လုပ်မှသာလျှင် ​အောင်မြင်မယ်လို့​ ယုံကြည်တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည် မဦး​ဆောင်ဘဲနဲ့​ မလုပ်ရဲပါဘူး​။ ​ရေစီး​မျောလိုက်တာမျိုး​လို့​ မထင်​စေချင်ဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကျ​နော်တို့​က ကူညီတဲ့​နေရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဆုံး​ဖြတ်ချက်​တွေကိုပဲ လိုက်ပြီး​လုပ်​နေတာမဟုတ်ဘူး​။ ​ဒေါ်​အောင်ဆန်း​စုကြည်​ဘေး​မှာ ဝန်း​ရံ​ပေး​နေတာကို ​တွေ့​ရမှာပဲ​လေ။ ကျ​နော်တို့​ ဝင်ချင်တယ်ဆိုတာလည်း​ ဝန်း​ရံ​ပေး​နေတာ။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ လွှတ်​တော်ထဲမှာပါ ဝန်း​ရံ​ပေး​ချင်တာ။ သူတို့​ဝင်သွား​တာ ​ထောင်​ချောက်တခု ဆိုရင်လည်း​ ဘယ်လိုရုန်း​ထွက်မလဲဆိုတာကို ဝိုင်း​စဉ်း​စား​ပေး​စေချင်တယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​က နိုင်ငံ​ရေး​ကိုလည်း​ စိတ်ဝင်စား​တယ်။ ​မျှော်မှန်း​ထား​တာလည်း​ ရှိတယ်။ သိတဲ့​အသိ​တွေကိုလည်း​ အသုံး​ချချင်တယ်။ အသုံး​ချတဲ့​နေရာမှာလည်း​ အကျိုး​ရှိစွာ အသုံး​ချချင်တယ်။ ကိုယ်က ​နေရာ​ကောင်း​ရ​လေ​လေ။ ကိုယ့်​ရဲ့​အစွမ်း​အစကို ထင်ရှား​ခွင့်​ရ​လေ​လေ​ပေါ့​။ ဆို​တော့​ ​ရွေး​ကောက်ပွဲဝင်ပြိုင်မယ်။ လွှတ်​တော်မှာ ဝင်ထိုင်ပြီး​တော့​ ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်ငန်း​တွေကို လုပ်ချင်တဲ့​ ဆန္ဒရှိပါတယ်။။” အကုန်လုံး​နိုင်တယ်ပဲထား​ဦး​၊​ လွှတ်​တော်ထဲမှာ ဘယ်​လောက်ထိ လုပ်နိုင်မယ် ထင်ပါသလဲ။ “၄၆ ​နေရာဆို​တော့​ နည်း​တယ်။ ဒါ​ပေမယ့်​ အ​ရေအတွက်နဲ့​ အရည်အချင်း​၊​ ကျ​နော်တို့​ မြန်မာနိုင်ငံမှာက ​နောင်ရိုး​တိုက်ပွဲ ဆိုတာရှိတယ်။ ​နောင်ရိုး​တိုက်ပွဲမှာ ဘုရင့်​နောင်က သူ့​ထက်အင်အား​ အများ​ကြီး​များ​တဲ့​ ရန်သူကို တိုက်ခဲ့​ဖူး​တဲ့​ သာဓက​တွေရှိတယ်။ ​နောက်တခုက ဥပမာအ​နေနဲ့​ ​ပြောရရင် မြန်မာပြည်က ​ဘောလုံး​ကစား​ချင်တဲ့​ လူအ​ယောက် ၁၁၀ ပါတဲ့​အသင်း​ တသင်း​နဲ့​ မန်ချက်စတာ ယူနိုက်တက် အသင်း​က ၁၁​ယောက်နဲ့​ကစား​မယ်။ အဲဒီမှာ ဘယ်လိုနိုင်မလဲဆိုတဲ့​ ​မေး​ခွန်း​ပြန်​မေး​မယ်။ ဒါက ပို​တော်တယ် ပိုစွမ်း​ဆောင်နိုင်တယ်။ စစ်တို့​မည်သည် အင်အား​နည်း​သည် များ​သည်မဟုတ်ဆိုတဲ့​ စကား​လည်း​ရှိတယ်။ ကျ​နော်တို့​ဘက်က​နေ လွှတ်​တော်ထဲဝင်ပြီး​တော့​ ဆန့်​ကျင်တယ်ဆိုတဲ့​ စကား​ကို​တော့​ သိပ်မ​ပြောချင်ဘူး​။ လွှတ်​တော်ထဲဝင်ပြီး​ စည်း​ရုံး​မယ်။ ကျ​နော်တို့​က နိုင်ငံ​ရေး​သမား​။ နိုင်ငံ​ရေး​သမား​ဆိုတာက စည်း​ရုံး​ရေး​ အမြင်ရှိရတယ်။ အထက်လွှတ်​တော် ကိုယ်စား​လှယ်ဖြစ်​စေ၊​ သူတို့​တွေက နိုင်ငံ​ရေး​သမား​ စစ်စစ်မဟုတ်ဘူး​။ ကျ​နော်တို့​က နိုင်ငံ​ရေး​သမား​တွေ​ပေါ့​။ ပိုပြီး​တော့​ အမြင်ရှိတယ်။ စွန့်​လွှတ်နိုင်တယ်။ ပိုသိတယ်။ အဲဒီအ​ပေါ်မှာ အား​သာချက်များ​တယ်။ ၄၆ ​နေရာဖြစ်​ပေမယ့်​ ကျ​နော်တို့​ဟာ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ချက်ဖြစ်တယ်။” တချို့​က​ပြောတယ်။ ရမယ့်​ဟာနဲ့​ ​ပေး​ရတာ။ ​ပေး​ရတာက ပိုများ​တယ်။ ရစရာလည်း​ ဘာမှမရှိဘူး​ဆိုတာမျိုး​ ​ပြောတာရှိတယ်။ အခုလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ တချို့​မလွတ်​သေး​ဘူး​ဆိုတာမျိုး​ပေါ့​။ “ကျ​နော်က အရင် ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ ဖွဲ့​ကတည်း​ကပါခဲ့​တယ်။ ကိုမင်း​ကိုနိုင်တို့​ ကိုကိုကြီး​တို့​က ကျ​နော့်​အစ်ကိုအကြီး​လိုပဲ။ ဆိုချင်တာက နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို တန်ဆာခံလိုမျိုး​ ​ခေါ်ထား​တာ ပြဿနာ​ပေါ့​။ ဒါကို လုံး​ဝ​ကျေနပ်မှု မရှိပါဘူး​။ ဒါကမဖြစ်သင့်​တဲ့​ ကိစ္စပါ။ ဒါကမ​ကောင်း​ပါဘူး​။ ဒါကတချက်။ ဥပမာ သမ္မတ ဦး​သိန်း​စိန်က ​ပြောတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ မရှိဘူး​ဆိုတဲ့​စကား​။ ဒါဆိုရင် သူက အစိုး​ရအဖွဲ့​ကို ကိုယ်စား​ပြုပြီး​ပြောပါလား​။ သမ္မတ ဦး​သိန်း​စိန် ပုဂ္ဂိုလ်​ရေး​အ​နေနဲ့​ဆိုရင်​တော့​ ​ပြောမှာမဟုတ်ဘူး​။ သမ္မတက အဲလို​ပြောတဲ့​အချိန်မှာ သူ့​အစိုး​ရအဖွဲ့​ထဲမှာ သ​ဘောထား​ တင်း​မာသူ​တွေ ရှိ​နေ​သေး​တယ်ဆိုတာ ထင်ရှား​တယ်။ သူက အစိုး​ရအဖွဲ့​ကို ကိုယ်စား​ပြုပြီး​ ​ပြောသွား​တာကို။ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က လွှတ်​တော်ထဲကို ဝင်သွား​ရင် အစိုး​ရက ဘယ်​လောက်အကျိုး​အမြတ် ရသွား​မလဲဆိုတဲ့​ ​မေး​ခွန်း​ကို ​မေး​တဲ့​အခါမှာ ကျ​နော်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဒီ​ဘောင်ထဲကို မဝင်ရင် ဘာဆက်လုပ်မလဲဆိုတဲ့​ ​မေး​ခွန်း​ကို ပြန်​မေး​ချင်တယ်။ ​နောက်တခုက​တော့​ အစိုး​ရအဖွဲ့​ထဲမှာ သ​ဘောထား​တင်း​မာသူရှိသလို သ​ဘောထား​ပျော့​ပြောင်း​သူ​တွေ ရှိတယ်။ ဒီအချက်​တွေကို ​ပေါင်း​ပြီး​တော့​မှ မြန်မာနိုင်ငံမှာ စစ်အစိုး​ရက ဘယ်လိုဖြစ်မလဲ။ ကျ​နော်တို့​ဘက်က ဘယ်လိုဖြစ်မလဲ ဆိုတဲ့​အမြင်အစား​ သူ့​ဘက်ကို မစဉ်း​စား​ဘဲနဲ့​ ကိုယ့်​ဘက်ကို စဉ်း​စား​မှာပါ။ ကိုယ့်​ဘက်က​နေ အ​ကောင်း​ဆုံး​လုပ်မှာပါ။ ကိုယ့်​ဘက်က ပြည်သူ့​အကျိုး​ကို ​ရှေ့​ရှုပြီး​တော့​ အ​ကောင်း​ဆုံး​ လုပ်မှာပါ။ သူ့​ဘက်ကလုပ်မှာကို​တော့​ သတိကြီး​စွာထား​ပြီး​တော့​ ကြည့်​တော့​ ​ရှောင်ရမှာ​ပေါ့​။ ဘာမှမလုပ်တာနဲ့​စာရင် လုပ်လိုက်၊​ ​ရှောင်ရှား​လိုက် လုပ်ရင်​တော့​ ဖြစ်စဉ်ထဲမှာ ပူး​ပေါင်း​ပါဝင်ပြီး​တော့​ ဒီမိုက​ရေစီအတွက် ပူး​ပေါင်း​ဆောင်ရွက်မယ်ဆိုရင်လဲ ​အောင်မြင်မှုတခုပါပဲ။ ​နောက်တခု ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ ​ပြော​နေတာပဲ။ စွန့်​စား​မှုတခု လုပ်​နေတာပဲ၊​ လုပ်သင့်​လို့​ လုပ်​နေတာပဲလို့​ ​ပြော​နေတာပဲ။ ကျ​နော်တို့​လည်း​ လုပ်သင့်​လို့​ လုပ်​နေတာပါ။” မြန်မာပြည်နိုင်ငံ​ရေး​က သိပ်​သေချာတာမဟုတ်ဘူး​ပေါ့​။ ဥပမာ ​ဗေဒါလုပ်ငန်း​တွေကို ထိခိုက်မလား​။ နိုင်ငံ​ရေး​ထဲမှာ ထဲထဲဝင်ဝင် ဖြစ်လာရင်။ “နိုင်ငံ​ရေး​သမား​တ​ယောက် ဖြစ်လာလို့​ရှိရင် ​ဗေဒါ အင်စတီကျူ့​ကို ဦး​ဆောင်တဲ့​ အခန်း​ကဏ္ဍက​နေ ဖယ်ရမယ်လို့​ ကိုယ့်​ကိုကိုယ် သတ်မှတ်ထား​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ဗေဒါအင်စတီကျူ့​ကို ဦး​ဆောင်မှု​နေရာမှာရှိတယ်ဆိုတာ သူက လူထု​ခေါင်း​ဆောင် ဒီမိုက​ရေစီ ​ခေါင်း​ဆောင်​နေရာမှာ ရှိ​နေတာကို။ ကျ​နော်တို့​ကျ​တော့​ သမား​ရိုး​ကျ နိုင်ငံ​ရေး​သမား​ တ​ယောက်အ​နေနဲ့​ အဖွဲ့​အစည်း​ တခုခုကို ဝင်သွား​ပြီဆိုရင် ဒါက စဉ်း​စား​ရမယ့်​ ကိစ္စပါ။ နိုင်ငံ​ရေး​ ပါတီတခုရဲ့​ လက်ကိုင်တုတ် ဆိုတဲ့​ အဖွဲ့​အစည်း​တခုအဖြစ်​တော့​ မဟုတ်ဘူး​ဆိုတာပဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024