ဗီလာကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး စပါး အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ဇန်နဝါရီ ၈  ရက်ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးက အက်စ်တွန်ဗီလာကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်းမှာ စပါးအသင်းဟာ ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးကို ၇၁ မိနစ်ကျမှ ဒါဘီးစ်က သွင်းယူပါတယ်။ ဒီပွဲမှာ စပါးအသင်းဟာ အရန်အများစုနဲ့ ကစားသွားပေမယ့်လည်း ခြေအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကို တိုက်စစ်မှူး ဆွန်ဟိုင်မင်းက မိနစ် ၈၀ မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ဆွန်ဟိုင်မင်း ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။ ဒီပွဲနိုင်လို့ စပါးစ်အသင်း အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်လှမ်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up