ထိုင်းတောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၂ ဦး ရှိပြီ

ထိုင်းတောင်ပိုင်း မိုးများပြီး ရေကြီးရေလျှံမှုတွေအတွင်း သေဆုံးသူအနည်းဆုံး ၁၂ ဦးရှိလာခဲ့ပြီး ကျေးရွာအများအပြားလည်း ရေနစ်မြုပ်နေပါတယ်။ တချို့နေရာတွေမှာ ရေအမြင့်ဟာ အိမ်ခေါင်မိုးအထိ ရောက်ရှိနေပြီး ဒေသခံ ၁ သိန်း ကျော် ရေဘေးကြုံတွေ့နေရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လေကြောင်းခရီးစဉ်တွေအပါအ၀င် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အများအပြားလည်း  ထိခိုက်နေပါတယ်။ ပိတ်မိနေသူတွေကိုလည်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီနေကြပါတယ်။ ထိုင်းတောင်ပိုင်းမှာ အခါမဟုတ်မိုးရွာသွန်းနေပြီး အနည်းဆုံး နောက်ထပ် ၂ ရက်လောက် ဆက်လက်ရွာသွန်းမယ်လို့ ထိုင်းမိုးလေ၀သအေဂျင်စီတွေက ခန့်မှန်းထားပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ချန်အိုချာဟာ ရေကြီးရေလျှံမှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး နာရတ်ထီဝပ် Narathiwat ခရိုင်မှာ ဒေသခံတွေနဲ့ တွေ့ဆုံအားပေးခဲ့ပါတယ်။ ကျောင်းတွေ ရာနဲ့ချီပြီးတော့လည်း  နစ်မြုပ်ပျက်စီးခဲ့ပြီး ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့က နာကွန်စီ ထန်မာရက်ခရိုင်မှာ မိုးရေချိန် ၆ ပေကျော် စံချိန်တင်ရရှိခဲ့ပြီး ခရိုင်လေဆိပ်ကိုလည်း ဆက်လက်ပိတ်ထားပါတယ်။ ဓာတ်ပုံ-နေးရှင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up