အာဆင်နယ်အသင်း ပရင်စတန်ကို ၂-၁ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ အာဆင်နယ်က တိုက်စစ်မှူး ဂျီရူးသွင်းတဲ့ နောက်ကျဂိုးနဲ့ ပရင်စတန်အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချန်ပီယံရှစ်တန်းက အိမ်ရှင် ပရင်စတန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာ ရော်ဘင်ဆန်က သွင်းယူပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကို ၄၆ မိနစ်မှာ ရမ်းဆေးက သွင်းယူပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ အဓိက ကစားသမားတော်တော်များများကို အနား ပေးထားပြီး အရန်ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားပါတယ်။ အာဆင်နယ်ပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ၁၈ ကြိမ် ရခဲ့ပါတယ်။ အနိုင်ဂိုးကို ၈၉ မိနစ်မှာ တိုက်စစ်မှူး ဂျီရူးက သွင်းယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက် သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up