နွားတကောင်လုံးကို အရှင်လတ်လတ်ဝါးမျိုစားသောက်သည့် စပါးကြီးမြွေ(ရုပ်သံ)

စပါးကြီးမြွေတွေကို အာရှ၊ အာဖရိကနဲ့ သြစတြေးလျဒေသတွေမှာ တွေ့ရများပြီး သူတို့ရဲ့ အရှည်ဟာ ပေ ၃၀ ကျော်အထိ ရှိနိုင်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ဒေသတွေမှာ အနေများတဲ့ စပါးကြီးမြွေတွေရဲ့ စားသောက်နေထိုင် ပုံတွေဟာ သူတို့ရဲ့ အရွယ်အစားနဲ့ ရေမြေရာသီကိုလိုက်ပြီး ကွဲပြားခြားနားကြပါတယ်။ သူတို့ဟာ အစာရှာဖွေချိန်မှာ သားကောင်အဖြစ် တွားသွားသတ္တ၀ါတွေ၊ ငှက်တွေ ကအစ ၀က်၊ သမင်၊ တောဆိတ်၊ မျောက်၊ ခြင်္သေ့၊ နွားအစရှိတဲ့ သတ္တ၀ါအကြီးတွေအထိ ၀ါးမျိုစားသောက်တတ်ကြပါတယ်။ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၂၇ ရက်နေ့က ယူကျု့ပေါ်တင်ထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နွားတကောင်လုံးကို အရှင်လတ်လတ်ဝါးမျိုစား သောက်ခဲ့တဲ့ စပါးကြီးမြွေတကောင်ကို တွေ့ကြရမှာပါ။ နွားကလေးဟာ ရေအစပ်မှာ ရှိနေခဲ့တာဖြစ်ပြီး စပါးကြီးမြွေက နောက်ကနေ အလစ်မှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။ နွားဟာ ရုန်းကန်ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ စပါးကြီးမြွေဟာ တရစ်ပြီးတရစ် ပတ်ခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ နွားဟာ ဘယ်လိုမှမလှုပ်ရှားနိုင်တော့ပဲ ငြိမ်သက်သွားခဲ့တာကို တွေ့ရပါတယ်။ စပါးကြီးမြွေတွေရဲ့ သဘာဝအရ သူတို့ဟာ သားကောင်တွေကို တရစ်ပြီးတရစ် ရစ်ပတ်ပြီး သေဆုံးစေလေ့ရှိပြီးမှ ၀ါးမျိုကာ ကိုက်ဖြတ်စားသောက်ကြတာပါ။ စပါးကြီးမြွေတကောင်ရဲ့ သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၂၅ နှစ်အထက် အသက်ရှင်နေ ထိုင်နိုင်ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုးတိရစ္ဆာန်ဥယျာဉ်မှာတော့ သူတို့ရဲ့ အရှည်ဆုံး သက်တမ်းကို ၃၅ နှစ်အထိ တွေ့ရှိရတယ်လို့ မှတ်တမ်းတွေကို ကိုးကားပြီး လိုက်ဖ်ဆိုင်းယန့်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခုဖြစ်ရပ်ဟာ ဘယ်နိုင်ငံမှာ ဖြစ်ခဲ့လဲဆိုတာတော့ မဖော်ပြထားပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up