ချဲလ်ဆီး ကွင်းလယ်လူ မီခေးလ် တရုတ်စူပါလိဂ်ကလပ်သို့ ပြောင်းရွှေ့

ချဲလ်ဆီး ကွင်းလယ်သမား မီခေးလ်ဟာ တရုတ် စူပါလိဂ်ကလပ် တီယန်ကျင်း တယ်ဒါအသင်းကို ပြောင်းရွှေ့သွားပါတယ်။ အသက် ၂၉ နှစ်အရွယ် နိုင်ဂျီရီးယား လက်ရွေးစင်ဟာ နည်းပြသစ် ကွန်တီ လက်ထက် ဒီနှစ် ရာသီထဲမှာ ပွဲထွက် ကစားခွင့် မရတဲ့အတွက် ပြောင်းရွှေ့သွားတာပါ။ မီခေးလ်ဟာ ချဲလ်ဆီးကို ၂၀၀၆ မှာ ရောက်ရှိပြီး ပွဲပေါင်း ၃၇၂ ပွဲ ကစားပေးထားပါတယ်။ ကွင်းလယ်သမားကတော့ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေဖို့ ပြောင်းရွှေ့တာလို့ ပြောပါတယ်။ မီခေးလ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up