Live
Home
မြန်မာသတင်း
ချင်းတွင်းမြစ်တွင်း ရှပ်ပြေးရေယာဉ်တိုက်မိ၊ ခရီးသည်အချို့ ဒဏ်ရာရ
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 6, 2017
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ ဇန်နဝါရီ ၅ ရက်ည ၈ နာရီလောက်က ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာတဲ့ စိုးသူရအောင် သီးသန့် ရှပ်ပြေးအမြန်ရေယာဉ်နဲ့ မုံရွာမြို့မှ ဆန်တက်လာတဲ့ ဂျိုးဝါကုန်တင်အမြန်ရေယာဉ်တို့ တိုက်မိခဲ့ပါတယ်။ ရေယာဉ် ၂ စီးတိုက်မှုကြောင့် ရှပ်ပြေးရေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်အချို့ ထိခိုက်ပွန်းပဲ့လက်ကျိုးဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိဘူးလို့ သွားရောက်ကူညီကယ်ဆယ်တဲ့ ကိုဝင်းဇော်ခိုင်က ပြောပါတယ်။ ရှပ်ပြေးရေယာဉ်ပေါ်မှာ ခရီးသည်အယောက် ၅၀ လောက် လိုက်ပါလာခဲ့ပြီး ဂျိုးဝါကုန်တင်ရေယာဉ်ပေါ်မှာတော့ လောင်စာဆီပေပါအလုံး ၄၀၀ ကျော်တင်ဆောင်လာတာဖြစ်ပြီး မြစ်ရေနည်းပါးချိန်ဖြစ်လို့ ရေကြောင်းကျဉ်းမြောင်းပြီး ရေကြောင်းလုမောင်းရာမှ မတော်တဆတိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် ခရီးသည်တင်ရှပ်ပြေးအမြန်ရေယာဉ်ရဲ့အမိုး ပျက်စီးခဲ့သလို ရှပ်ပြေးပေါ်ပါလာတဲ့ အမျိုးသမီးတဦး ဝဲလက်ဖျံကျိုး၊နဲ့ အခြား ၃ ဦးတို့ ထိခိုက်ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ညတွင်းချင်း ကင်းတိုက်နယ်ဆေးရိုကို ပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့ပြီး ရေယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024