Home
မြန်မာသတင်း
‘ကာတွန်းအဖော် စာဖတ်ပျော်’ ကလေးစာကြည့်တိုက်အစီအစဉ် အမျိုးသားပြတိုက်တွင် ကျင်းပ
DVB
·
January 6, 2017
ကာတွန်းအဖော် စာဖတ်ပျော် ဆိုတဲ့ ကလေးစာကြည့်တိုက်အစီအစဉ်တစ်ခုကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ အမျိုးသားပြတိုက် ဘက်စုံခန်းမမှာ ကျင်းပနေပါတယ်။ ဒီအစီအစဉ်ကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်) က ဦးဆောင်ကျင်းပတာဖြစ်ပြီး ကာတွန်းဆရာကြီး တွေ၊ Save the Library စာကြည့်တိုက်များကွန်ရက်၊ သပြေအဖွဲ့၊ ပန်းပျိုးလက်နဲ့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း တို့က ပူးပေါင်းပါဝင်ပေးကြတာပါ။ ဒီပွဲမှာ ကလေးတွေအတွက် ကာတွန်းပညာရှင်ကြီးတွေရဲ့ ကာတွန်းရေးဆွဲပေးတာတွေ၊ ပုံပြော အစီအစဉ်တွေ၊ ပြဇာတ်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ဒီအစီအစဉ်ကို အခုလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ နေ့တိုင်း မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024